ရော်နယ်ဒိုဟာ အသင်းသစ်ကို ယနေ့ နံနက်အစောပိုင်းမှာပဲ ပြောင်းရွှေခဲ့ပြီး ဘာကြောင့် ဒီအသင်းကို ရွေးချယ်ခဲ့ရသလဲ ဆိုတာလည်း ယခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်

မကြာသေးမီက ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ယနေ့ နံနက် အစောပိုင်းမှာပဲ ဆော်ဒီ ကလပ်




အယ်နက်ဆာ အသင်းကို ၂ နှစ် စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့ ခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာပဲ အသက် ၃၈ နှစ် ပြည့်တော့မယ့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကနေ




ထွက်ခွာ ပြီးနောက် ဥရောပ ထိပ်သီး အသင်းတွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစား ခဲ့ပေမယ့် ဥရောပ ထိပ်သီး အသင်းတွေက မြင့်မားတဲ့ လုပ်ခ လစာကို မပေးချေ နိုင်တာကြောင့် ရော်နယ်ဒို က သူ့ကို




ကမ္ဘာ့ စံချိန်တင် လုပ်ခ လစာနဲ့ ကမ်းလှမ်းခဲ့တဲ့ အယ်နက်ဆာ အသင်းဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်၊ ဆော်ဒီ နာမည်ကြီး ကလပ် အယ်နက်ဆာ ကတော့ ရော်နယ်ဒို ကို ကမ္ဘာ့ စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့




တစ်နှစ် လစာ ယူရို သန်း ၂၀၀ နဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို ကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန်မှာ ဝင်ငွေ မြိုးမြိုး မြက်မြက် ရမယ့်




စာချုပ်ကို လက်ခံခဲ့ပါတယ်၊ အယ်နက်ဆာ နဲ့ စာချုပ် ချုပ်ဆို အပြီးမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို က သူဟာ မကစားဖူးတဲ့ လိဂ် အသစ် တခုမှာ ကစားချင်ခဲ့ သလို အယ်နက်ဆာ ရဲ့ ကောင်းမွန်တဲ့ စီမံကိန်း တွေကြောင့်




အယ်နက်ဆာ ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြားသွား ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို က- ကျွန်တော် မတူညီတဲ့ လိဂ် အသစ် တခုမှာ




မတူညီတဲ့ နိုင်ငံ တခုမှာ ကစားခွင့် ရတော့မယ့် အကြောင်းကို တွေးရင်း ပျော်နေပါတယ်၊ အယ်နက်ဆာမှာ ရှိတဲ့ စီမံကိန်းက အရမ်းကို ကောင်းပါတယ်၊ ကျွန်တော်က အသင်းဖော် သစ်တွေနဲ ပူးပေါင်းခွင့် ရမယ့်




အပေါ်မှာ စိတ်လှုပ် ရှားနေသလို ဒီ အသင်းကိုလည်း ပိုမို များပြားတဲ့ အောင်မြင်မှုတွေ ရယူ ပေးနိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit