တစ်နှစ်လုပ်ခ မြန်မာငွေ ကျပ်သိန်း ၄၅၀၀ နဲ့ ကမ္ဘာ့ဘောလုံး သမိုင်းမှာ လုပ်ခလစာ အများဆုံး တစ်ဦးတည်းသော ကစားသမား ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ဆော်ဒီ ကလပ် အယ်လ်နာဆာ အသင်းကို ပြောင်းရွှေ့ခဲ့ ပြီးနောက် ရော်နယ်ဒို ဟာ တစ်နှစ် ယူရိုသန်း ၂၀၀ အထိ လုပ်ခ လစာ ခံစားရမှာ ဖြစ်ပါတယ်၊ မြန်မာငွေနဲ့ တွက်ချက်မယ် ဆိုရင်တော့ ဒီ ပမာဏဟာ ကျပ်သိန်းပေါင်း သိန်း ၄၅၀၀ နဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။




ဒါကြောင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ကမ္ဘာ့ ဘောလုံး သမိုင်းမှာ လုပ်ခ လစာ အများဆုံးရရှိတဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို ဟာ တစက္ကန့်ကို လုပ်အားခ




ယူရို ၆.၅ ထိ ရရှိကြောင်း တွက်ချက်မှု အရ သိရပါတယ်၊ တလ လုပ်ခ အနေနဲ့ ယူရို ၁၆.၆၇ သန်း၊ တပတ် လုပ်ခ အဖြစ် ယူရို ၃.၉ သန်း၊ တရက် လုပ်အားခ အဖြစ် ယူရို ၅ သိန်းခွဲ၊ တနာရီ လုပ်ခ




ယူရို ၂၃၀၀၀ နဲ့ တမိနစ် လုပ်ခ ယူရို ၃၈၆ အထိ ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်၊ ၂ နှစ်ခွဲ စာချုပ် အတွက် စုစုပေါင်း ယူရို သန်း ၅၀၀ အထိ ရရှိမှာ ဖြစ်ပြီး ဘောလုံးသမား တွေထဲမှာ သူက ဘီလျံနာ တစ်ဦး အဖြစ်နဲ့ ရပ်တည် နိုင်တော့မှာလည်း ဖြစ်ပါတယ်။




ရော်နယ်ဒို ဟာ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဆော်ဒီက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ လျှောက်ထားမှု ကိုလည်း ကူညီရမှာပါ။ ဆော်ဒီနဲ့ အပြိုင် ကြိုးစားနေတာ ကတော့ အီဂျစ်နဲ့ ဂရိ တို့ ဖြစ်ပြီး ဆော်ဒီ က




ရော်နယ်ဒို ရဲ့ ပုံရိပ်ကို အသုံးချပြီး သံတမန် တဦး အနေနဲ့ လုပ်ဆောင်ပေးဖို့လည်း ကမ်းလှမ်းထားပြီး အဆိုပါ တာဝန် အတွက် သီးသန့် ငွေကြေးတွေ ရရှိဦးမယ်လို့ သိရပါတယ်။ အယ်လ်နာဆာ က ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့ကို အတည်ပြု မကြေညာခင်မှာပဲ အသင်း ပရိသတ်တွေဟာ




အသင်းစတိုးဆိုင် ကနေ ရော်နယ်ဒို နာမည်နဲ့ ကျောနံပါတ်ပါ ဂျာစီတွေကို မှာယူ ခဲ့ကြတယ် လို့လည်း သိရပါတယ်၊ အဲဒီနောက် လူမှု ကွန်ရက်ပေါ်မှာ ဖော်ပြမှုတွေ ရှိနေခဲ့ပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ မကြေညာခင်မှာပဲ ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ဒီသတင်းက စောစော စီးစီး ထွက်ပေါ် ခဲ့တယ်လို့လည်း ဆိုပါတယ်။

credit