ရော်နယ်ဒို ရဲ့ အပြောင်းရွှေ့နဲ့ ပတ်သက်ပြီး ကစားသမား ဘဝ အဆုံးသတ် မလှလို့ စိတ်မကောင်း ဖြစ်ကြောင်း ကာရေဂါနဲ့ ဂယ်ရီနဗီးလ် ပြော

ကာရေဂါ နဲ့ ဂယ်ရီနဗီးလ် က ရော်နယ်ဒို အယ်လ်နက်ဆာ ကို ပြောင်းရွှေ့ခဲ့ရတာဟာ စိတ်မကောင်းစရာပဲ လို့ ဆိုလိုက်ပြီး အဆုံးသတ် မလှပဟု သုံးသပ် ပြောကြား သွားခဲ့ပါတယ်၊ ၃၇ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်းပြီး




အယ်လ်နက်ဆာ ကို ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ ဆော်ဒီထိပ်သီး ကလပ်မှာ တနှစ် ပေါင် ၁၇၅ သန်းထိ ဝင်ငွေရရှိမှာ ဖြစ်ပြီး ကမ္ဘာ့ လုပ်ခ အများဆုံး ဘောလုံးသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်၊ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်တဲ့




ကာရေဂါ နဲ့ ဂယ်ရီနဗီးလ် က ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့ဟာ စိတ်မကောင်းစရာ အပြောင်းအရွှေ့ ဖြစ်ကြောင်း မနေ့ညက ကစားခဲ့တဲ့ လီဗာပူး နဲ့ လက်စတာ ပွဲစဥ် တင်ဆက်ချိန်မှာ ပြောဆိုသွားခဲ့ပါတယ်၊ ရော်နယ်ဒို ဥရောပမှာ ဆက်နေချင်တယ်လို့ ပြောထားပြီးသားပါ။




သူ့ကို ဘယ်အသင်းကမှ ခေါ်ဖို့ စိတ်မကူးခဲ့ကြပုံပါပဲ၊ ထိပ်တန်း ကစားသမား တစ်ယောက် ဒီလို ပြောင်းရွှေ့ သွားတာကို မြင်ရတာ တကယ် စိတ်မကောင်း ဖြစ်စရာပါပဲ၊ အမှန်ဆို ဒါက အိုးလ်ထရက်ဖိုဒ့် နဲ့ ဖြစ်လာရမယ့် အဆုံးသတ်မျိုးပါ၊ အခုတော့ သူ့ရဲ့ ကစားသမား ဘ၀ကို




ဆော်ဒီမှာ အဆုံးသတ်ဖို့ ရွေးချယ်သွားခဲ့ပြီလို့ ထင်ပါတယ်။ လို့ ပြောဆိုခဲ့ပါတယ်။ သူ့အတွက် ဒါက ဝမ်းနည်းစရာ အဆုံးသတ်ပဲ၊ ဟုတ်တယ် မဟုတ်လား? ပီယာ့စ် မော်ဂန် နဲ့ သူ အင်တာဗျူးတယ်၊ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ရတယ်၊ မက်ဆီ ကမ္ဘာ့ဖလား ရတယ်။



သူက‌တော့ ဆော်ဒီကို ပြောင်း‌ရွှေ့ ရတယ်၊ ဝမ်းနည်းစရာ အဆုံးသတ်ပဲ။ လို့ ကာရေဂါ က ဆိုပါတယ်။ ရော်နယ်ဒို နဲ့ အယ်လ်နက်ဆာ သတင်းက ထွက်ပေါ်နေတာ ရက်အတန် ကြာပြီ ဖြစ်ပေမယ့် တကယ် ဖြစ်လာချိန်မှာ အံ့အားသင့်သူတွေ မကျေနပ်သူတွေ မယုံကြည်နိုင် သူတွေ




စိတ်ပျက်သူတွေ အမြောက်အများ ရှိခဲ့ပါတယ်၊ အမေရိက က ရော်နယ်ဒို ပရိသတ်တွေ ကတော့ သူတို့ရဲ့ မေဂျာလိဂ်ကို မပြောင်းရွှေ့ လာမှု အပေါ် အားမလို အားမရ ဖြစ်ခဲ့ကြပြီး ပေါ်တူဂီသားကြီးကို ငွေနောက် လိုက်သူလို့ ရေးသားခဲ့ကြပြီး အတည်ပြုဖို့ ခက်တဲ့ သတင်းအချို့ အရ




ရော်နယ်ဒို ဟာ ဆော်ဒီရဲ့ အားကစား သံတမန် အဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံကို ဂရိစ်၊ အီဂျစ် တို့နဲ့ အတူ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနိုင်ရေး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

credit