တုနှိုင်းမဲ့ ဂိုးသွင်း အနုပညာ အကြောင်း ဝုဗ်ကို ပြသသွားတဲ့ ရပ်ရှ်ဖို့ဒ် “မန်ချက်စတာ ယူနိုက်တက် 1-0 ဝုဗ် ပွဲပြီး သုံးသပ်ချက်”

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုဗ် အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရပြီး ဒုတိယပိုင်း အစမှာ လူစား ဝင်ရောက်လာတဲ့ ရပ်ရှ်ဖိုဒ့် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ 1-0 ဆိုတဲ့ ရလဒ်နဲ့




ထိုက်ထိုက်တန်တန် အနိုင် ရရှိသွား ခဲ့ပါတယ်၊ ကလပ်တွင်း စည်းမျဉ်း စည်းကမ်း ချိုးဖောက်မှု ကြောင့် တိုက်စစ်မှူး ရပ်ရ်ဖိုဒ့် ဟာ အရန် လူစာရင်း ကနေပဲ ပါဝင်ခွင့် ရချိန်မှာ မာရှယ်၊ အန်တိုနီ၊ ဂါနာချို




တိုက်စစ် အတွဲကို နည်းပြ အဲရစ် တန်ဟက်ဂ် က ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ကတ်စမဲရိုး၊ အဲရစ်ဆင် တို့ကို တွဲဖက် ပွဲထုတ်ခဲ့ပါတယ်၊ ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့




ဖြတ်တင်ဘောတွေ ပိုမို ကောင်းမွန် လာခဲ့ပြီး ပြန်စပြီး မိနစ် ၂၀ မှာတော့ ဘယ်ခြမ်းမှာ ရပ်ရှ်ဖိုဒ့် နဲ့ ဖာနန်ဒက်စ် တို့ ဝမ်း တူး ရိုက် ကစားမှု ကနေ ဧရိယာ အတွင်း ရလာတဲ့ အခွင့်အရေးကို လူစားဝင် တိုက်စစ်မှူး ရပ်ရ်ှဖိုဒ့် က အကောင်းဆုံး ပိတ်သွင်း ယူခဲ့တာ ဖြစ်ပါတယ်။




ရပ်ရှ်ဖိုဒ့် ထံက နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်မြင်ခဲ့ ရပေမယ့် လက်ထိဘော ဖြစ်နေတာကြောင့် ပယ်ဖျက်ခံ လိုက်ရပါတယ်၊ နောက်ပိုင်း ပွဲပြီးဆုံးဖို့ နီးကပ်လာ ချိန်တွေမှာလည်း မန်ချက်စတာ ယူနိုက်တက် က ခံစစ်ကို




ကျစ်ကျစ် လစ်လစ် ကစားနိုင်တာနဲ့ အတူ ပွဲက 1-0 နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒီ နိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် 4 နေရာကို စတင် ဝင်ရောက်လာခဲ့ပြီး အဆင့် 3 နေရာက




နယူးကာဆယ် အသင်းနဲ့ တစ်မှတ် အကွာ အနေအထားကို ရောက်ရှိ လာခဲ့ပါပြီ၊ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ရာသီကုန်မှာ ထိပ်ဆုံး 4 သင်း နေရာ အတွက် စတင် ခြိမ်းခြောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။

credit