အအိပ်လွန်လို့ ပွဲထွက် စာရင်းက ချန်လှပ်ခံကြောင်း ပြောရင်း နည်းပြကြီးနဲ့ ပတ်သက်လို့ အရင် နည်းပြတွေနဲ့ မတူတဲ့ အကြောင်း ထုတ်ပြောလာတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဒ် က ဝုလ်ဗ် အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့ပေမယ့် ပွဲစဥ်ရဲ့ ပွဲထွက် လူစာရင်းထဲမှာ မပါဝင် ခဲ့ရခြင်းက




အအိပ်လွန်ပြီး အသင်း အစည်းအဝေးကို နောက်ကျမိ ခဲ့တာကြောင့် ဖြစ်တယ်လို့ ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်၊ ၂၀၂၂ ကမ္ဘာ့ဖလား အပြီး ပြန်လည် ယှဉ်ပြိုင် နေရတဲ့ ပွဲစဉ်တွေ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အကောင်းဆုံး ခြေစွမ်း ပြနေတဲ့




မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ဝုလ်ဗ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပရိးမီးယားလိဂ် ပွဲစဉ်ရဲ့ ပွဲထွက် လူစာရင်းမှာ အံ့အား သင့်စရာ ချန်လှပ် ခံခဲ့ရပြီး အရန် လူစာရင်းမှာပဲ ပါဝင်လာ ခဲ့ရပါတယ်၊ ဒုတိယပိုင်း ပြန်လည် စတင် ချိန်မှသာ အသင်း အတွက် စတင် ကစားခဲ့ရတဲ့




မာကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် လိုအပ်နေတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကိုလည်း အဆင့် ၄ နေရာထိ ပို့ဆောင်ပေး နိုင်ခဲ့သလို နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း သူ့ကို လူစာရင်း ကနေ ချန်လှပ်ထား တာကလည်း သူရဲ့




စည်းကမ်းပိုင်း ဆိုင်ရာ ပျက်ကွက် မှုကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆို သွားခဲ့ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် က ကျွန်တော် အအိပ်လွန်ပြီး အစည်းအဝေး အတွက် နည်းနည်း နောက်ကျ သွားပါတယ်၊ ဒါက အသင်းရဲ့ စည်းကမ်းချက်ပါ၊ ဒါက ဖြစ်ပေါ်လာ နိုင်တဲ့




အမှား တစ်ခုပါ၊ ဒါပေမယ့် အသင်း အတွက် ပွဲထွက် လူစာရင်းမှာ မကစားရလို့ ကျွန်တော် စိတ်ပျက်မိတယ်၊ နည်းပြကြီး ရဲ့ ဆုံးဖြတ်ချက် ကို နားလည် နိုင်သလို ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ နိုင်ပွဲ ရရှိခဲ့လို့ ပျော်ရွှင်ရပါတယ်၊ အခြေအနေ ဆိုးတွေ ကနေ




ကျော်လွန် နိုင်အောင် စွမ်းဆောင်ခဲ့ပြီး ရှေ့ဆက် နိုင်နေပြီလို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်လည်း ပုံစံကောင်း ရရှိ နေပြီးတော့ အသင်းရဲ့ တိုးတတ်နေတဲ့ ပုံစံ ကိုလည်း ကျေနပ်မိပါတယ်၊ အရင်တုန်းက ဆိုရင် ဒီလို ပွဲမျိုးမှာ ကျွန်တော် တို့တွေ အလွယ်တကူပဲ




ရှုံးသွား နိုင်သလို သရေလည်းကျ နိုင်တာမျိုးပါ ဖြစ်သွားနိုင် ပါတယ်။ လို့ ပြောဆို သွားခဲ့ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ကလပ် အသင်း ပွဲတွေ ပြန်လည် စတင် ယှဉ်ပြိုင် ကတည်းက အသင်း အတွက် ၃ ပွဲ ဆက် ဂိုးတွေ သွင်းယူ နိုင်ခဲ့ပြီး အခုဆို ဒီရာသီ ပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး ၁၁ဂိုး ရှိပြီ ဖြစ်ပါတယ်။

credit