ဝုဗ်ကို အနိုင်ရရှိခဲ့ ပွဲစဉ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အံ့ဖွယ် စွမ်းဆောင်ရည်များ

Manchester United ဟာ စနေညရဲ့ အစောဆုံး ပွဲစဥ် အဖြစ် မိုလီနက်စ်မှာ ဝုလ်ဗ်နဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1-0 ရလဒ် နဲ့ အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်၊ အမှတ်ပေး ဇယား အဆင့် 4 နေရာကို တက်လှမ်း သွားနိုင်ခဲ့ပါပြီ။




ဒီ ပွဲစဥ်မှာ Manchester United နည်းပြ Erik Ten Hag က တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် အရန်ခုံ ထိုင်စေခဲ့ပြီး ဂါနာချို ကို ထည့်သွင်း ကစားစေခဲ့တာက လွဲရင် နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲစဥ်တုန်းကလိုပဲ Line Up ကို အသုံးပြုခဲ့ပါတယ်၊ ဒါပေမယ့် ပထမပိုင်းမှာ




တိုက်စစ် ကစားပုံ နုံချာခဲ့ပြီး ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်း ကစားစေခဲ့ရာ ပွဲချိန် 76 မိနစ်မှာ ဖာနန်ဒက်စ် ရဲ့ ဖန်တီိးမှုကို အင်္ဂလန်သားက ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်၊ ဒီနောက် 8 မိနစ် အကြာမှာ ရပ်ရှ်ဖို့ဒ် နောက်တစ်ဂိုး သွင်းယူခဲ့ပေမယ့် လက်ထိခဲ့တာကြောင့်




foul ball ဖြစ်ခဲ့ပြီး တစ်ဂိုးနဲ့သာ အနိုင် ရရှိခဲ့ပါတယ်၊ ဒီဂီယာ လက်စွမ်း ပြခဲ့တဲ့ အဆိုပါ ပွဲစဥ်မှာ ဘယ်သူတွေ အကောင်းဆုံး ကစားနိုင်ခဲ့ကြလဲ?

ဒေးဗစ် ဒီဂီယာ 8 ရူဘင် နီဗတ်စ် ရဲ့ အလန်းစား ဖရီးကစ်ကို ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံး အချိန်မှာလည်း ထပ်မံ ကာကွယ်မှု ပြုလုပ် နိုင်ခဲ့ပါတယ်။




ဝမ် ဘစ်ဆာကာ 7 ခံစစ် ကစားပုံ အရမ်း ကောင်းခဲ့ပြီး ဖျက်ထုတ်မှုမှာလည်း အထူး ကောင်းမွန် ခဲ့ပါတယ်၊ တိုက်စစ် ပံ့ပိုးပေး နိုင်စွမ်းတော့ နည်းပါးခဲ့ပါတယ်။

ရာဖေးလ် ဗာရန်း 8 အမြင့် ဘောတွေ အမြဲလို ခေါင်းဦး နိုင်ခဲ့ပြီး ခံစစ်ကိုလည်း အကောင်းဆုံး ကစားပြ နိုင်ခဲ့ပါတယ်၊ ကမ္ဘာ့အဆင့် ခံစစ်မှူး တဦးဆိုတာ သက်သေပြ နိုင်ခဲ့ပါတယ်။




လုခ်ရှော 8 ဒီယေဂို ကော်စတာ ကို ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ကစားနေကျ မဟုတ်တဲ့ ဗဟိုခံစစ် နေရာမှာ အကောင််းဆုံး ပုံစံကို ပြသသွားခဲ့ပါတယ်၊ Line Up ထဲက ဖယ်ထုတ်ဖို့ တော်တော်လေး စဥ်းစားရ ပါတော့မယ်။

မာလာစီယာ 7 တိုက်စစ်ပိုင်း ကောင်းကောင်း ပံ့ပိုးပေး နိုင်ခဲ့ပြီး အန်တိုနီ အတွက် ခေါင်းတိုက်ခွင့် ဖန်တီးပေးခဲ့ပါတယ်၊ ထရာအိုရေး ကိုလည်း အကောင်းဆုံး ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ်။




ကတ်စမဲရိုး 6 နော်တင်ဟမ် ဖော်ရက်စ် နဲ့ ပွဲကထက် ပိုပြီး ခက်ခဲတဲ့ ပွဲစဥ် ပိုင်ဆိုင်ခဲ့ ရပါတယ်၊ ဒါပေမယ့် မာမာ ထန်ထန် တုန့်ပြန်သွား နိုင်ခဲ့ပါတယ်၊ ပစ်ဒဏ်ဘော ကျူးလွန်မှုတွေ ရှိခဲ့ပြီး အဝါကဒ် ပြသ ခံခဲ့ရပါတယ်။

အဲရစ်ဆင် 5 ဒီ ပွဲစဥ်မှာ လုံလောက်စွာ မကောင်းပြ နိုင်ခဲ့တဲ့ အတွက် ဖရက်ဒ် နဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ်၊ နှစ်ပွဲဆက် လူစားလဲ ခံခဲ့ရတာကို အကောင်းဆုံး တုန့်ပြန်ပြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။




အန်တိုနီ 5 မာလာစီယာ ကြောင့် ကောင်းမွန်တဲ့ ခေါင်းတိုက်ခွင့် ရရှိ ခဲ့ပေမယ့် ဂိုးသမား တည့်တည့် ရောက်သွားခဲ့ ရပါတယ်၊ အသင်းအပေါ် လုံလောက်တဲ့ အကျိုးပြုမှုမျိုး မပေးနိုင်ခဲ့ပါဘူး။




ဘရူနို ဖာနန်ဒက်စ် 6 ကွင်းလယ်ပိုင်းမှာ လွှမ်းမိုးနိုင်စွမ်း ကင်းမဲ့ခဲ့ပြီး ချိတ်ဆက် ကစားပုံ အားရစရာ မရှိခဲ့ပါဘူး၊ ဖရီးကစ် ကိုလည်း မိုးပေါ် ထောင်ကန်ခဲ့ပါတယ်၊ ဒါပေမယ့် တစ်လုံးတည်းသော ဂိုးကို ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

အလက်ဂျန်ဒရို ဂါနာချို 4 အစောပိုင်း မိနစ်မှာ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တာကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး၊ ခြေစွမ်းကောင််း မပြနိုင်ခဲ့တဲ့ အတွက် လူစားလဲ ခံခဲ့ရ ပါတယ်။




အနိသိုနီ မာရှယ် 5 သူ့ကို ကြည့်ရတာ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိရပါဘူး၊ တိုက်စစ်ပိုင်း တက်တက်ကြွကြွ မရှိခဲ့သလို အခွင့်အရေး တွေကိုလည်း အသုံးမချ နိုင်ခဲ့ပါဘူး။ လူစားဝင် ကစားသမားများ ရပ်ရှ်ဖို့ဒ် 8၊ ဖရက်ဒ် 6၊ ဗန်ဒီဘိခ် 6၊ မက်ဂွိုင်းယား NA၊ အီလန်ဂါ NA တို့ပဲ ဖြစ်ပါတယ်။

credit