အွန်နရီ လက်သစ်လို့ လူတွေကြား အသံတွေ ဆူညံခဲ့ပေမယ့် အခုတော့ မေးခွန်းတွေ မေးချင်နေမိပြီလို့ ဆိုကာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို မေးခွန်းထုတ်ခဲ့ကြတဲ့ ပေါလ်စခိုးလ် နဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်တွေ ဖြစ်ကြတဲ့ ရီယို ဖာဒီနန် နဲ့ ပေါလ် စခိုးလ် တို့က အိုးလ်ထရက်ဖို့ဒ် က အန်သိုနီ မာရှယ်လ် ရဲ့ ကစားသမား ဘဝကို မေးခွန်း ထုတ်သွား ခဲ့ပါတယ်၊ အန်သိုနီ မာရှယ်လ် ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ




အိုးလ်ထရက်ဖို့ဒ် မှာ ရှိနေခဲ့တဲ့ အချိန် အတွင်း အနိမ့် အမြင့် အတက် အကျတွေ အများအပြား နဲ့ အကောင်း အဆိုး ရောထွေး နေခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ မိုနာကို အသင်းကနေ မာရှယ်လ် ကို ခေါ်ယူခဲ့တဲ့ အချိန်မှ





ပရိသတ်တွေက ပြင်သစ် တိုက်စစ်မှူး ဆီကနေ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ထားရှိခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာရှယ်လ် အတွက် ပေါင် ၅၈ သန်း အထိ မြင့်တက်နိုင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၃၆ သန်း ပေးချေ




ခဲ့ရပြီး အဲဒီ အချိန်တုန်းက ဆိုရင် ဆယ်ကျော်သက် ကစားသမား တစ်ယောက် အတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မာရှယ်လ် ဟာ အိုးလ်ထရက်ဖို့ဒ်မှာ မျှော်မှန်း ထားတဲ့ ခြေစွမ်း အတိုင်း ပြသဖို့ ရုန်းကန်ခဲ့ရပြီး




ယခုတော့ ရီယို ဖာဒီနန် က မာရှယ်လ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် မှာ ရှိတဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော် သူ မန်ချက်စတာ ယူနိုက်တက် ရှပ်နဲ့ လုပ် နေတာတွေကို




စိတ်ကျေနပ်မှု ရှိရဲ့လား ဆိုတာ အရမ်းပဲ သိချင်မိပါတယ်၊ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာ မာရှယ်လ် က သူရရှိ ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရဲ့လား? သူ မပျော်ရွှင်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဘာလို့လဲ ဆိုတော့ အများကြီး




ပိုပြီး လုပ်စရာတွေ ရှိနေလို့ပါပဲ၊ သူ အိုးလ်ထရက်ဖို့ဒ် က မြင်ကွင်းထဲကို ဝင်ရောက်လာပြီး လီဗာပူး နဲ့ ပွဲစဉ်က ဂိုးကို သွင်းယူသွားတဲ့ အချိန်မှာ အားလုံးက အိုး… ဘုရားသခင် ဒီ ဆယ်ကျော်သက် လေးက ကောင်းလှချည်လား၊ ပေါင်သန်း ၅၀ တန် အွန်နရီ လက်သစ်များလား ဆိုပြီး ဖြစ်သွားခဲ့ ကြတာပါလို့ ဖာဒီနန်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။




ပေါလ် စခိုးလ် ကလည်း မာရှယ်လ် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ အောင်မြင်မှု ရဖို့ အိတ်သွန် ဖာမှောက် လုပ်ဆောင် သွားရမှာ ဖြစ်ပေမယ့်လည်း စိတ်ပိုင်း ဆိုင်ရာမှာ ကင်းမဲ့နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ အရာအားလုံး ရှိတယ် ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။




ဒါကို သူ နည်းလမ်း ပေါင်းစုံနဲ့ သွားနိုင်ပါတယ်၊ သူက သန်မာတယ်၊ အားကောင်းတယ်၊ စိတ်ပိုင်း ဆိုင်ရာ ကတော့ တစ်ခုတည်းသော မေးခွန်းထုတ်စရာ ဖြစ်နိုင်ပါတယ်၊ သူ အဲဒါကို လုပ်နိုင်မှာလား? သူ မန်ချက်စတာ ယူနိုက်တက် ကို ပရီးမီးယားလိဂ် ရရှိအောင်




စွမ်းဆောင်ပေး မှာလား? သူ ၂၅ ဂိုး သွင်းယူပေး နိုင်မှာလား? သူက ခြေစွမ်းပိုင်း တည်ငြိမ်မှု ရှိပါ့မလား? လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်၊ မာရှယ်လ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ယနေ့ အချိန်အထိ ၂၈၄ ပွဲ ပါဝင် ကစားပေး ထားရာမှာ သွင်းဂိုး ၈၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

credit