နည်းပြသစ်ရဲ့ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဖော်ပြလိုက်ပြီး ကြယ်တစ်ပွင့်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က အသင်းမှာ စည်းမျဥ်း စည်းကမ််းတွေ သတ်မှတ်ပြီး တိတိကျကျ ကိုင်တွယ်နေတဲ့ နည်းပြ Erik Ten Hag ရဲ့ လုပ်ဆောင်ချက် တွေကို ချီးကျူး လိုက်ပါတယ်။




Erik Ten Hag ဟာ မန်ချက်စတာ ယူနိုက်တက် ကို ကိုယ်တွယ်တည်းက စည်းကမ်းချက် အများစွာ သတ်မှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက် ဖောက်ဖျက်သူ တစ်ဦး တစ်ယောက်မှ အပစား ပေးသွားမှာ မဟုတ်ကြောင်း သက်သေ ပြခဲ့ပါတယ်။




နောက်ဆုံးက ဒီရာသီ ဂိုးသွင်း အများဆုံး ကစားသမား ရပ်ရှ်ဖို့ဒ် ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ ဟာ Ten Hag သတ်မှတ် ထားတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက််ခဲ့ တာကြောင့် ပွဲထွက်ခွင့် ပျောက်ခဲ့ရပါတယ်၊ ကစားသမား ကတော့ သူဟာ ပို အိပ်မိခဲ့ပြီး လေ့ကျင့်ရေး ဆင်းချိန်




နောက်ကျလို့ ပွဲထွက်ခွင့် ပျောက်ခဲ့ရတာ ဖြစ်ကြောင်း ဝန်ခံခဲ့သလို နည်းပြ နဲ့ သူ့ရဲ့ ကြားမှာလည်း ဘယ်လိုမှ ကတောက်ကဆ ဖြစ်စရာ မရှိကြောင်း ပြောခဲ့ပါတယ်၊ ဒီပွဲမှာ ဒုတိယပိုင်း လူငယ်လေး ဂါနာချို နေရာကို လူစားဝင် ကစားပေးခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ် ကပဲ




အသင်း အတွက်် တစ်လုံး တည်းသော ဂိုးကို သွင်းယူ ပေးသွား ခဲ့တာပါ၊ ဒါ့အပြင် အောင်ပွဲ ခံချိန်မှာလည်း မကျေမနပ် ဖြစ်တာမျိုး မပြခဲ့ပါဘူး၊ ယခုတော့ ဝုလ်ဗ် ကို 1-0 နဲ့ အနိုင််ရတဲ့ ပွဲအပြီးမှာ Erik Ten Hag ရဲ့ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး လုခ်ရှော က နည်းပြရဲ့ လုပ််ဆောင်ချက် တွေကို ချီးကျူးသွားခဲ့ တာပါ။




လူတွေက သူတို့ အလိုရှိတဲ့ တိုင်း လုပ်လို့ မရနိုင်ဘူး၊ အတိတ်မှာ အဲ့တာက ပြသနာ ဖြစ်ကောင်း ဖြစ်ခဲ့မှာပါ၊ မိုက်မဲတဲ့ အရာအချို့ လုပ်ဆောင်တာ ရှိခဲ့ကြတယ်၊ စည်းကမ်း ချိုးဖောက်် တာမျိုးပေါ့၊ ထိပ်တန်း ကလပ်အသင်း ဆိုတာ ဒီလိုပဲ ဖြစ်သင့်ပါတယ်။




အသင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်း စည်းမျဥ်း ရှိကို ရှိသင့်ပါတယ်၊ မန်နေဂျာ အနေနဲ့လည်း သူ ချမှတ််တဲ့ စည်းကမ်းတိုင်းကို ပြန်စဥ်းစား သုံးသပ်ဖို့ လိုပါတယ်၊ လူတွေက အရင်ထဲက အသေးစား စည်းကမ်းချက် တွေကို ဖောက်ဖျက်တဲ့ မိုက်မဲတဲ့ လုပ်ရက်ကို




လုပ်ခဲ့ကြတယ်၊ ဒီနေ့ ခင်ဗျားတို့ တွေ့ခဲ့ သလိုပါပဲ၊ မမှန်ကန်တာ တစ်ခုခု လုပ်ရင် ပွဲကစားခွင့် ပျောက်မှာပါ၊ ခင်ဗျားရဲ့ အသင်းမှာ ရပ်ရှ်ဖို့ဒ် လို လူစားဝင် ကစားပေးတဲ့ ကစားသမားမျိုး ရှိနေရင် သူဝင်လာတာနဲ့ သွင်းဂိုးတွေ ရောက်လာလိမ့်မယ် ဆိုတာ ခင်ဗျားတို့ ကြိုသိနေမှာပါ၊ သူက လက်ရှိ အကောင်းဆုံး ပုံစံကို

ပိုင်ဆိုင််နေတယ်၊ သူ အပေါင်း လက္ခဏာ ဆောင်ကျဥ်း နေတယ်၊ သူက ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ပြီး ဒါကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ရင် အကောင်းဆုံး တွေထဲက တစ်ဦး ဖြစ််လာမှာပါ။ လို့ လုခ်ရှော က ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

credit