ကတ်စမဲရိုး မရှိရင် မန်ချက်စတာ ယူနိုက်တက် ကြယ်နှစ်ပွင့်ဟာ လဟက်သတ် ဖြစ်မည်ဟု သုံးသပ် ပြောဆိုလာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် လူဟောင်း တစ်ဦး ဖြစ်သူ ပေါလ်စခိုးလ် က လက်ရှိအသင်းမှ ကွင်းလယ်လူ ကတ်စမဲရိုး ကို ချီးကျူးလိုက်ပြီး အဲရစ်ဆင်် နဲ့ တွဲဖက် ကစားနိုင်တဲ့ ပြီးပြည့်စုံတဲ့ ကစားသမားလို့ အမွှမ်းတင် သွားခဲ့ပါတယ်။




ကတ်စမဲရိုး ဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိလာတာ ဖြစ်ပြီး အသင်းသစ်မှာ အမြန်ဆုံး အံဝင်ခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်တဲ့ အတွက် ပရိသတ်ချစ် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ပါတယ်။ ယခုတော့ သူဟာ




မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် အကောင်းဆုံး ကစားသမား ဖြစ်လာနိုင် ခဲ့ပါပြီ၊ ပေါလ်စခိုးလ် က ကတ်စမဲရိုး ရဲ့ အရည်အသွေးကို ချီးကျူးလိုက်ပြီး ကာယပိုင်း ကြံ့ခိုင်မှုနဲ့ ပတ်သက််လို့ စိုးရိမ်မိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။




သူဟာ ကွင်းလယ်မှာ ခမ်းနားတဲ့ အတွေ့အကြုံံကို ယူဆောင်လာ တယ်လို့ ထင်မိပါတယ်၊ သူဟာ တိုက်စစ်ကိုပဲ ဘောလုံး ပေးပိုတာ များတယ်၊ အသင်းမှာ တိုနီ ခရူးစ်၊ လူကာ မိုဒရစ် တို့လို ကစားသမားမျိုး ရှိနေရင် ဒါက အရမ်းကို အလုပ်ဖြစ်မှာပါ၊ သူက အသင်းအတွက် အံ့ဖွယ်် ကစားသမားပါ။




သူ အသင်းဆီ ရောက်လာ စဥ်တုန်းက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အဆင်ပြေပါ့ မလားလို့ စိုးရိမ်မိခဲ့တယ်၊ သူ့ကို ကြည့်ရတာ လျှင်မြန်ပုံလည်း မပေါ်ခဲ့ဘူးလေ ဒါပေမဲ့ ဥာဏ်ကောင်းကြောင်း ပြသပြီး တာဝန်ကို အကောင်းဆုံး ကျေပွန်ခဲ့ပါတယ်၊ သူ့ကို မိုက်ကယ် ကာရစ် နဲ့




မခိုင်းနှိုင်း လိုပါဘူး၊ ရိုးလ် ရွိုက်စ် လို ကစားသမားမျိုး ဖြစ်လို့ပါ၊ ကတ်စမဲရိုး က နေရာယူ ကစားတဲ့ ကိစ္စမျိုးမှာ တော်တော်လေး အာရုံခံနိုင်စွမ်း ကောင်းတယ်၊ အဲရစ်ဆင် နဲ့ တွဲဖက် ကစားဖို့ ပြီးပြည့်စုံတဲ့ ကစားသမားပါ၊ အဲရစ်ဆင် ဆိုတာ အသင်းမှာ ကတ်စမဲရိုး လို ကစားတဲ့ ကစားသမားမျိုး




မရှိရင် ကစားရ ခက်ခဲပါတယ်၊ ဒါတွေကို မြင်ဖူးခဲ့ ပြီးပြီ၊ တိုက်စစ် ကစားသမားတွေ အနေနဲ့ ဂိုးတွေ သွင်းယူလိုရင် ဒီလို ကစားသမားမျိုး အသင်းမှာ လိုအပ်မှာပါ၊ ဘရူနို နဲ့ အဲရစ်ဆင် တို့က တိုက်စစ်ဆင်ပြီး ကစားလိုသူတွေပါ၊ ဒီလို ကစားသမားမျိုးက အရေးကြီးပါတယ်။ လို့ ပေါလ်စခိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

credit