ဆော်ကလပ် ကို မပြောင်းရွှေမီ အသင်းဟောင်းရဲ့ မမျှော်လင့်တဲ့ တုန့်ပြန်မှုကို ခံခဲ့ရကြောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ‌Marca သတင်းဌာနမှ ရေးသား ဖော်ပြလာ

ကမ္ဘာ အကောင်းဆုံး တဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့ ပြီးနောက် ဥရောပကို စွန့်ခွာဖို့ အဆင်သင့် မဖြစ်ခဲ့ဘဲ သတင်းတွေသာ အမှန် ဆိုရင်




၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် ရဲ့ ပြန်ခေါ်ခြင်းကို အလိုရှိခဲ့ပြီး ဒီအတွက် စောင့်ဆိုင်း နေခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca က ဖော်ပြ သွားခဲ့ပါတယ်။




အသင်း ပိုင်ရှင်တွေနဲ့ ပရိသတ် တွေဟာ ရော်နယ်ဒို စပိန်မှာ ရှိနေခဲ့တဲ့ ကာလ အတွင်း ကြီးမားတဲ့ ကူညီပေး နိုင်စွမ်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အသိအမှတ် ပြုမှုမျိုး ရှိပေမယ့်လည်း ပေါ်တူဂီ ကြယ်ပွင့်ကို




ပြန်လည် ခေါ်ယူဖို့ စီစဉ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်၊ ရီးရဲလ်မက်ဒရစ် အသင်းဟာ နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ အပြည့်အဝ အပြောင်း အလဲတွေ ပြုလုပ်ခဲ့ပြီး လမ်းကြောင်း သစ်ပေါ် ရောက်ရှိနေပြီ ဖြစ်တာကြောင့်




ရော်နယ်ဒို ရောက်ရှိလာမှုက အီတလီလူမျိုး နည်းပြကြီး အတွက် အခက်အခဲသာ ဖြစ်စေမှာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အယ်လ်နက်ဆာ အသင်းကို ကြောက်မက်ဖွယ် များပြားတဲ့ ယူရို သန်း ၂၀၀ နဲ့




ကမ်းလှမ်းခဲ့ ပေမယ့်လည်း ဆော်ဒီ အာရေဗျ ကလပ်ကို ပြောင်းရွှေ့ဖို့ ချက်ချင်း သဘောတူညီခြင်း မရှိခဲ့ဘဲ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အပါအဝင် အခြား ကမ်းလှမ်းမှုတွေ ရှိလာဦး မလားလို့




စောင့်ဆိုင်း ခဲ့သေးတယ်လို့ သိရပါတယ်၊ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပေါ်တူဂီ အသင်း ထွက်ခွာ ခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့်ခွင့် ပေးဖို့




တောင်းဆိုခဲ့ပြီး စပိန်ကလပ် အသင်းက ပေါ်တူဂီသားရဲ့ ဘာနေဗျူးက အမွေ အနှစ်တွေကို လေးစားမှု ရှိတာကြောင့် ကြိုက်သလောက် လေ့ကျင့်ရေး ပြုလုပ်နိုင်တယ်လို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့်




ရီးရဲလ်မက်ဒရစ် ဂန္တဝင်ဟာ စပိန်လာလီဂါ ကလပ်အသင်း ပိုင်ရှင်တွေ အနေနဲ့ ၎င်းကို ပြန်လည် ခေါ်ယူမှာကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ ထိပ်တန်း အဆင့်မှာ




စွမ်းဆောင်နိုင်ဆဲ ဖြစ်ကြောင်း ပြသခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်း တာဝန် ရှိသူတွေက ပြန်လည် ပေါင်းစည်းဖို့ကို ငြင်းဆန်ခဲ့တဲ့ အတွက် ဆော်ဒီ ကလက်ကို သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

credit