နယူးကာဆယ် ကမ်းလှမ်းချက်ကို ပယ်ချကာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ ကြံစည်ထားကြောင်း ပြင်သစ် တိုက်စစ်မှူး ထုတ်ပြော

2022 ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်း အတွက် ရွေးချယ် ခံခဲ့ရတဲ့ ဘွန်ဒက်လီဂါ နာမည်ကြီး ကလပ် မိုချန် ဂလာဘက် တိုက်စစ်မှူး မားကပ်စ် သူရမ် က ပရီးမီးယားလိဂ် အသင်း မန်ချက်စတာ ယူနိုက်တက် ကို




ပြောင်းရွှေ့ ချင်တာကြောင့် နယူးကာဆယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကြောင်း Bild သတင်း ဌာနက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်၊ 25 နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မားကပ်စ် သူရမ် က အထောင် တိုက်စစ်မှူးနဲ့




နောက်ချန် တိုက်စစ်မှူး နေရာမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ယခုနှစ် ဘောလုံး ရာသီမှာ မိုချန် ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ 17 ပွဲ ပါဝင် ကစားပေး ထားရာ သွင်းဂိုး 13 ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု 4 ကြိမ်ထိ ပြုလုပ် ထားပါတယ်။




မားကပ်စ် သူရမ် ဟာ မိုချန် ဂလာဘက် နဲ့ ခြေစွမ်းကောင်းတွေ ပြသ ထားနိုင်သလို သူနဲ့ မိုချန် ဂလာဘက် တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့်




ဥရောပ ကလပ် တချို့က ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စား လာကြပြီး အဆိုပါ အသင်းတွေ အနက် မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းတို့ ပါဝင်နေပါတယ်၊ နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်း ဌာနရဲ့ ဖော်ပြချက် အရ




နယူးကာဆယ် က မားကပ်စ် သူရမ် ကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာခဲ့ပြီး တနှစ် လုပ်ခ လစာ ယူရို 12 သန်းထိ ပေးမယ်လို့ ကမ်းလှမ်းခဲ့ ပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေ တာကြောင့်




နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်၊ တဘက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ယခု ဆောင်း ဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်း ဦးဆောင်နိုင်မယ့် အထောင် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြံရွယ်နေပြီး

မန်ချက်စတာ ယူနိုက်တက် က သူရမ် ကို ရာသီဝက် အငှား + ရာသီ အကုန်မှာ အလွတ်နဲ့ အပြီးသတ် ခေါ်ယူဖို့ စဉ်းစား ထားပေမယ့် မိုချန် ဂလာဘက် က သူတို့ရဲ့ အဓိက တိုက်စစ်မှူးကို အငှားနဲ့ လက်လွှတ်သွားဖို့ မရှိကြောင်း သတင်းထောက် ဆိုင်မွန်ဂျုံးစ်က ဆိုပါတယ်။




မိုချန် ဂလာဘက် ကတော့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်နေတဲ့ မားကပ် သူရမ် ကို ဆောင်းဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို 10 သန်းကျော် နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ သင့်တော်တဲ့ ကမ်းလှမ်းမှု မရခဲ့ရင် ရာသီကုန်မှသာ အလွတ်နဲ့ လက်လွှတ်မယ်လို့ သိရပါတယ်။

credit