ကမ္ဘာ့ အကောင်းဆုံး ၅ ဦး စာရင်းမှာ ပါဝင်လာမယ့် အသင်းဖော်ကို ထုတ်ပြောလာတဲ့ ကတ်စမဲရိုး

ပရီမီးယားလိဂ် ပွဲစဉ် ၁၈ မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 0-1နဲ့ အနိုင် ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ဂိုးရဖို့ ခက်ခဲနေချိန် လူစားဝင်ပြီး အဖိုးတန် အနိုင်ဂိုးကို




သွင်းယူ ပေးတဲ့ တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကတ်စမဲရိုး က ချီးကျုးစကား ပြောဆို လိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုဗ် အိမ်ကွင်းမှာ ထိုးဖောက် တိုက်စစ်ဆင် ကစားရာ




အခက်အခဲ များစွာ တွေ့ခဲ့ပြီး ပထမပိုင်း ပွဲ ကစားချိန် တစ်လျှောက် သွင်းဂိုး ရှာဖွေနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး၊ ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှာတော့ စည်းကမ်းပိုင်း ချိုးဖောက်မှုကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် က ပွဲထွက် လူစာရင်း ကနေ




ချန်လှပ် ထားတဲ့ ရပ်ရှ်ဖို့ဒ် လူစား ဝင်ရောက် ကစားစေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် နှောင်းပိုင်းမှာလည်း သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ သေးပေမဲ့ ကွင်းလယ် ဒိုင်လူကြီးမှ




ပြန်လည် ပယ်ချသွား ခဲ့လို့သာ ဒုတိယမြောက် သွင်းဂိုး မရရှိခဲ့တာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် ရဲ့ ခြေစွမ်းပိုင်းနဲ့ ယ ပတ်သက်ပြီး ကတ်စ်မဲရိုး က အရိုးသားဆုံး ပြောရရင် မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အံ့အား သင့်နေမိပါတယ်။




ကျွန်တော်က အခုလောက် အခြေအနေ အထိ မထင်ထားခဲ့ မိဘူးလေဗျာ၊ ကွင်းပြင်ပ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ သိထားသလိုပဲ ကွင်းအတွင်းမှာ သေချာ ကြိုးစား ကစားမယ် ဆိုရင် ကြိမ်းသေ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ ဦး စာရင်းကို ဝင်နိုင်ပါတယ်။




သူက တကယ့် ထိပ်သီး ကစားသမား တစ်ယောက်ပါ၊ သူနဲ့ တွဲဖက် ကစားရတာ ပျော်ဖို့ ကောင်းသလို အသင်းဖော်တွေ ကိုလည်း စိတ်ဓာတ် လှုံ့ဆော်မှုကို ဖြစ်စေပါတယ်၊ ယခု လက်ရှိ အခြေအနေ အတိုင်း အကောင်းဆုံး ကြိုးစားသွားမယ် ဆိုရင်




သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၅ ဦးစာရင်းမှာ အလွယ်တကူ ဝင်ရောက် နိုင်မယ့် ကစားသမား ဆိုတာ အသေအချာပဲ လို့ ကတ်စမဲရိုးက အသင်းဖော် ရပ်ရှ်ဖို့ဒ် ကို ချီးကျူး ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။

credit