အယ်လ်နက်ဆာ နည်းပြရဲ့ အပြုအမူကြောင့် စိတ်ပျက်နေတဲ့ ရော်နယ်ဒို

အယ်လ်နက်ဆာ အသင်းနည်းပြ ရူဒီ ဂါစီယာ က ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းက အပြီးသတ် ခေါ်ယူနိုင်ခဲ့ ပြီးနောက် ရက်ပိုင်း အကြာမှာပဲ လီယွန်နယ် မက်ဆီ နဲ့ ပတ်သက်တဲ့ ဟာသ ကို ပြောကြားခဲ့ပြီး မလေးမစား ပြုမူခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ




ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း ဆော်ဒီ အာရေဗျ ကလပ်အသင်း ဖြစ်တဲ့ အယ်လ်နက်ဆာ ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။




၃၇ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို ဟာ တစ်နှစ် လုပ်ခ လစာ ပေါင် ၁၇၃ သန်းနဲ့ ကမ္ဘာပေါ်က လစာ အမြင့်မားဆုံး အားကစားသမား ဖြစ်လာတော့မှာ ဖြစ်ပြီး အရှေ့ အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့က ၎င်းရဲ့ အစီအစဉ် ထဲမှာ ဘယ်တုန်းကမှ




မရှိခဲ့ဘူးလို့ မှတ်ချက် ပေးခဲ့ပြီးနောက် လအနည်းငယ် အကြာမှာပဲ အပြောင်းအရွှေ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ ဥရောပ ဘောလုံးလောက ကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပေမယ့်လည်း ကာလရှည် ပြိုင်ဘက် ဖြစ်တဲ့ မက်ဆီ နဲ့ နှိုင်းယှဉ် ပြောဆိုခံရမှု ကနေ




လွတ်မြောက်ခြင်း မရှိသေးဘဲ ပီအက်စ်ဂျီ ကြယ်ပွင့်ဟာ ရော်နယ်ဒို ပါဝင်ဖွယ် ရှိတဲ့ အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင် ကစားသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ အယ်လ်နက်ဆာ နည်းပြ ဂါစီယာ က တသက်တာ အကောင်းဆုံး ကစားသမား နှစ်ဦးထဲက




တစ်ဦးကို အရင် ခေါ်ယူချင်ခဲ့တဲ့ အကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပြီး ရိုးမား နည်းပြဟောင်း ဟာ ရော်နယ်ဒို ကို ခေါ်ယူမှုနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ခံရတဲ့ အချိန်မှာ

ပထမဆုံး ကျွန်တော် လီယွန်နယ် မက်ဆီ ကို ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ။ လို့ ဟာသ ဖောက်ခဲ့တာ ဖြစ်ပါတယ်၊ အယ်လ် နက်ဆာန ည်းပြက သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်ပိုင်ပြက်လုံး အတွက် တော်တော်လေး သဘောကျဟန် နဲ့

ရယ်မော နေခဲ့တာကို မြင်တွေ့ခဲ့ရ ပေမယ့်လည်း ကစားသမားသစ် ခရစ္စတီယာနို ရော်နယ်ဒို အတွက် မလေးမစား ပြုမူခြင်း ခံခဲ့ရတယ်လို့ ခံစားရကောင်း ခံစားရမှာ ဖြစ်ပါတယ်၊ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အိုးလ်ထရက်ဖို့ဒ် မှာ နည်းပြ ဖြစ်သူ




Erik Ten Hag ရဲ့ မလေးမစား ပြုလုပ်ခြင်း ခံနေတယ်လို့ ယုံကြည် နေခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ နည်းပြသစ်ရဲ့ မရယ်ရတဲ့ ပြက်လုံးကြောင့် ဒေါသထွက်စရာ ဖြစ်ခဲ့ပြန်ရတာ ဖြစ်ပါတယ်။




ရော်နယ်ဒို ဟာ အယ်လ်နက်ဆာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ် တစ်စိတ်တပိုင်း အဖြစ် မက်ဆီ နဲ့ တစ်သင်းတည်း ကစားသွားရဖို့ ရှိနေတာ ဖြစ်ပြီး ပေါ်တူဂီ ကြယ်ပွင့်နဲ့ အာဂျင်တီးနား ကြယ်ပွင့်တို့ဟာ

၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် ကျင်းပဖို့ ကမ်းလှမ်းထားတဲ့ ဆော်ဒီ အာရေဗျ နိုင်ငံရဲ့ သံတမန်တွေ အဖြစ် ခန့်အပ်ခြင်း ခံထားရသူတွေလည်း ဖြစ်ပါတယ်။

credit