မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်တွေကို ခေါ်ယူလေ့ရှိတဲ့ ကလော့ပ်ဟာ အခုဆို သူ့အမှားတွေ အတွက် နောင်တရနေပြီ ဖြစ်ပါတယ်

မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ ဖြစ်လုနီးပါး ရှိခဲ့တဲ့ ဒါဝင် နူနက်ဇ် ကို လီဗာပူး နည်းပြကြီး ကလော့ပ် က ခေါ်ယူသွား နိုင်ခဲ့ပြီး ဂက်ပို ကိုလည်း လတ်တလောကပဲ ခေါ်ယူခဲ့ပြန်တာ ဖြစ်ပါတယ်။




ယခုတော့ ၎င်းဟာ နောင်တတွေရပြီး စိတ်ဓါတ်တွေ ကျနေပြီလို့ ပရိတ်သတ်များက ယူဆနေကြပြီလည်း ဖြစ်ပါတယ်၊ လီဗာပူး အသင်းဟာ တနင်္လာနေ့ ညက ဘရန့်ဖို့ဒ် နဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသ ခဲ့ပြီးနောက်

ကျော်ကြားတဲ့ ပီဇာကုမ္ပဏီ ဒိုမီနို ရဲ့ လှောင်ပြောင် ခြင်းကိုတောင် ခံခဲ့ရပါတယ်၊ ယာဂန် ကလော့ပ် ရဲ့ အသင်းဟာ ဂျီတက်ချ် ကွန်မြူနတီ ကွင်းမှာ ဘရန့်ဖို့ဒ် ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး အီဘရာဟီမာ ကိုနာတီ ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တဲ့ ဂိုးအပြင်




ဝစ်ဆာ၊ အမ်ဘူးမို တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြု ခဲ့ရတာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းကြီးပြီး ဘင်ဖီကာ ကနေ လီဗာပူးကို ပြောင်းရွှေ့သွား ခဲ့တဲ့ အချိန် ကတည်းက နူးနက်ဇ် နဲ့ ပတ်သက်ပြီး ဆူညံသံတွေ အများအပြား ရှိခဲ့ကြတာ ဖြစ်ပါတယ်။




ဥရုဂွေး တိုက်စစ်မှူးဟာ ကြီးမားတဲ့ ပေါင် ၈၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ၎င်းဟာ လီဗာပူး အတွက် ယခုရာသီ ၂၁ ပွဲ ပါဝင် ကစားရာမှာ ၉ ဂိုး သွင်းယူ ပေးထားပေ မယ့်လည်း အခွင့်အရေး ဖြုန်းတီးမှုကြောင့် မကြာခဏ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရတာ ဖြစ်ပြီ

ဘရန့်ဖို့ဒ် နဲ့ ပွဲစဥ်မှာလည်း နောက်ထပ် တစ်ကြိမ် လွဲချော်ခဲ့တာ ဖြစ်ပါတယ်၊ နူးနက်ဇ် ဟာ ဂိုးသမားကို ဖြတ်ကျော် ခဲ့ပြီးနောက် ဂိုးသွင်း ယူဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ ပေမယ့်လည်း ၎င်းရဲ့ ကန်ချက်ကို ဘန်မီး က ဖျက်ထုတ် သွားခဲ့တာ ဖြစ်ပါတယ်။




ဥရုဂွေး တိုက်စစ်မှူးဟာ ကောင်းမွန်တဲ့ နေရာမှာ ရှိနေချိန်မှာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ဆက်တိုက် ဆိုသလို ချမှတ်ခဲ့တာ ဖြစ်ပြီး ဒါဝင် နူးနက်ဇ် အတွက် ပိုလို့တောင် ဆိုးရွားသွား စေခဲ့တဲ့ အရာကတော့ ပီဇာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဒိုမီနို ကပါ တွစ်တာပေါ်မှာ လီဗာပူး တိုက်စစ်မှူးကို ရက်ရက် စက်စက်




လှောင်ပြောင် ခဲ့တာ ဖြစ်ပါတယ်၊ ဒိုမီနို က ဒါဝင် နူးနက်ဇ် ရဲ့ ဓာတ်ပုံကို ဒီည အော်ဒါတွေ လွဲချော်ခဲ့ရင် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဒီလူကို စပြီး အော်ဒါ ပို့မိလို့ပါ ဆိုတဲ့ စာနဲ့ အတူ မျှဝေခဲ့တာ ဖြစ်ပါတယ်၊ ပရိသတ်တွေဟာ ဒါဝင် နူးနက်ဇ် ကို ပညာသားပါပါ နဲ့




လှောင်ပြောင်ခဲ့တဲ့ ဒိုမီနို ရဲ့ ပို့စ်ကို လျင်လျင် မြန်မြန် နဲ့ တုံ့ပြန်ခဲ့ပြီး ဒါကြောင့် ဒိုမီနို က အကောင်းဆုံး ဖြစ်နေတာကိုး လို့ ရေးသား ခဲ့ကြပြီး နောက်ထပ် ပရိသတ် တစ်ဦး ကလည်း ဒိုမီနို က ငါ့ကို အော်ဒါ မှာချင်အောင် လုပ်နေတာပဲ လို့ မှတ်ချက် ပေးသွား ခဲ့ပါတယ်။

credit