ပြင်သစ် တိုက်စစ်မှူးကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အင်အား ဖြည့်တင်းမှု တရပ် အဖြစ် မိုချန်ဂလာဘက် နဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး မားကပ်စ် သူရမ် ကို




အရ ခေါ်ယူဖို့ ကြိုးစားနေပြီး မားကပ်စ် သူရမ် ရဲ့ အေးဂျင့်ထံ ဆက်သွယ်ပြီး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဂျာမန်အခြေစိုက် သတင်း ဌာနများက ဖော်ပြသွား ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ




အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း ပြီးနောက် ယခု ဆောင်းဈေးကွက် အတွင်း အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး




ဂျာအို ဖီးလစ်၊ ဒေါ့မွန် လူငယ် တိုက်စစ်မှူး မူခိုခို နဲ့ မားကပ်စ် သူရမ် တို့ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်၊ ၂၅ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ




မိုချန်ဂလာဘက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး ယခု ဆောင်းဈေးကွက် အတွင်း သူ နှစ်သက်ရာ အသင်းနဲ့ တရားဝင် ဆွေးနွေးခွင့် ရထားတာ ဖြစိပါတယ်၊ မားကပ်စ် သူရမ် က




အခြား အသင်းတွေထက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒ ပြင်းပျ နေပြီး ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်း ဌာနရဲ့ ဖော်ပြချက် အရ မားကပ်စ် သူရမ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက




နယူးကာဆယ် ရဲ့ တနှစ် လုပ်ခ လစာ ယူရို ၁၂ သန်းတန် ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ချင် နေတာကြောင့် နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့သာ




အပြောင်းအရွှေ့ အတွက် ဆွေးနွေးဖို့ သူ့ရဲ့ အေးဂျင့် ကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကလည်း မားကပ်စ် သူရမ် လို အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး




မန်ချက်စတာ ယူနိုက်တက် တာဝန် ရှိသူတွေက ယနေ့မှာပဲ သူရမ် ရဲ့ အေးဂျင့်ထံ ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ကာ သူရမ်ရဲ့ အေးဂျင့် နဲ့ မန်ချက်စတာ ယူနိုက်တက် ကြား တရားဝင် ဆွေးနွေးနေကြောင်း Repubblica သတင်းဌာနက အခိုင်အမာ ဖော်ပြသွား ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ သူရမ် နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူနိုင်ခဲ့ရင် သူရမ် ကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ရှိပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် သူရမ် ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ယခု ​ဆောင်းဈေးကွက် အတွင်းမှာတင်

ခေါ်ယူဖို့ စဉ်းစားထားပြီး မိုချန်ဂလာဘက် ကတော့ သူရမ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းနဲ့ ၁၅ သန်းကြား ပမာဏကို တောင်းဆိုဖွယ် ရှိကြောင်း သိရပါတယ်။

credit