လိုက်ပ်ဇစ် ကြယ်ပွင့်ကို ကမ်းလှမ်းထားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်ပိုင်း သွင်းဂိုး ရရှိဖို့ ရုန်းကန်နေ ရတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ရော်နယ်ဒို နေရာမှာ တိုက်စစ် ကစားသမား အစားထိုး ခေါ်ယူနိုင်ဖို့




ဥရောပ ထိပ်တန်း တိုက်စစ် ကစားသမား အချို့ကို ချိတ်ဆက်လျှက် ရှိနေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလမှာ စပိန် အသင်းနဲ့ အတူ ခြေစွမ်းကောင်း အချို့ ပြသခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ် ကစားသမား အိုလ်မို ကို




ခေါ်ယူဖို့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ် လိုက်ကြောင်း စပိန် သတင်းဌာန အချို့က ဖော်ပြသွား ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိုက်ပ်ဇစ် က စပိန် လက်ရွေးစင် တိုက်စစ် ကစားသမား အတွက်




ဂျာမန် အင်အားကြီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင် ခေါ်ယူ သွားရနိုင်ခြေ ရှိပြီး လိုက်ပ်ဇစ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏ တစ်ရပ်ကို ပေးချေသွား ရဖွယ် ရှိနေတာ ဖြစ်ပါတယ်၊ ဘာစီလိုနာ အသင်းကလည်း အိုလ်မို ကို ခေါ်ယူလိုနေပြီး




နည်းပြ ဇာဗီ ရဲ့ ရွေးချယ်မှု အပေါ် မူတည်နေပြီး လိုက်ပ်ဇစ် အသင်းက အိုလ်မို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်း အထိ တောင်းဆိုလို နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ပြောင်းရွှေ့ကြေး ပမာဏ မည်မျှနဲ့ ကမ်လှမ်း ခဲ့တာလည်း ဆိုတာကို




စပိန် သတင်းဌာန ဖြစ်တဲ့ နေစီယွန်နယ် က ထည့်သွင်း ဖော်ပြထားခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ သွင်းဂိုး အများဆုံး သွင်းယူ ပေးခဲ့တဲ့ ဝါရင့် တိုက်စစ်မှုး ရော်နယ်ဒို ကို အတွင်းရေး အချက်အလက်

ပေါက်ကြား စေမှုကြောင့် အသင်းက ထုတ်ပယ်လိုက် အပြီးမှာ အခြား အစားထိုး တိုက်စစ် ကစားသမား ခေါ်ယူရန် အတွက် ဆက်တိုက် ဆိုသလို ချိတ်ဆက်မှုတွေ ပြလုပ်နေတာပဲ ဖြစ်ပါတယ်။

credit