မန်ချက်စတာ ယူနိုက်တက် Vs ဘုန်းမောက် ပွဲစဉ် အတွက် ခရစ်ဆက်တန် ရဲ့ ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာ နည်းနည်းမှ အမှားအယွင်း မခံပဲ ကစားခဲ့ရတဲ့ ပွဲစဥ် သုံး ပွဲလုံးမှာ အနိုင်ရလဒ် ရယူပြီး ကောင်းမွန်တဲ့ အရှိန်အဟုန် တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီကာလ အတွင်းမှာ




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒဏ်ရာရ ကစားသမား၊ ဖျားနာနေသူ၊ မပူးပေါင်းနို င်သေးသူ၊ စသဖြင့် ကစားသမား 3 ဦးလောက်သာ ဆုံးရှုံးထားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ပွဲစဉ် သုံးပွဲကို အနိုင် ကစားပြ နိုင်ခဲ့ပါတယ်။




အဆိုပါ ပွဲစဥ် သုံးပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ 6 ဂိုးသာ သွင်းယူထား ခဲ့ပေမယ့် သုံးပွဲလုံး clean sheet ရရှိခဲ့တာက ပရိသတ်တွေ အတွက် စိတ်ချမ်းသာစရာ ဖြစ်ပါတယ်၊ ယခုတော့ စပါး တို့ ခြေချော်ချိန်မှာ မန်ချက်စတာ ယူနိုက်တက် တို့




အဆင့် 4 နေရာကို တက်လှမ်း နိုင်ခဲ့ပါပြီ၊ ဒီ တစ်ပါတ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် 15 နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်၊ ဒီပွဲနဲ့ ပတ်သက်ပြီး ခရစ်ဆက်တန် က ယခုလို ခန့်မှန်းသွားခဲ့ပါတယ်။




နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် ခုနှစ် ပွဲမှာ ခြောက်ပွဲ အထိ ရှုံးနိမ့်ထားတဲ့ ဘုန်းမောက် အသင်းရဲ့ လမ်းကြောင်းက ဘယ်ဆီကို ဦးတည်နေသလဲ ဆိုပြီး ကျွန်တော် စိုးရိမ်စိတ် ဖြစ်မိပါတယ်၊ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဥ်မှာဆို သူတို့ အလွတ် တည်ကန် ဘောကနေ




နှစ်ဂိုး အထိ ပေးခဲ့ရတယ်လေ၊ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ပြိုင်ပွဲစုံ ငါးပွဲ ဆက် နိုင်ပွဲနဲ့ အတူ သူတို့ရဲ့ ဆန့်ကျင်ဘက် လားရာကို ဦးတည်် နေခဲ့ပါတယ်၊ လက်ရှိမှာ မားကပ်စ် ရပ်ရှ်ဖိုဒ်က အကောင်းဆုံး ပုံစံ ပြသပြီး ကစားနေခဲ့တာ




သူတို့ အတွက် တကယ့်ကို အကူအညီ ဖြစ်စေတယ်၊ သူတို့ထက် ပိုပြီး အဲရစ် တန်ဟက်ဂ် ဟာ အလုပ်ကို ကောင်းကောင်း လုပ်ပြနေ နိုင်ခဲ့တယ်၊ သူတို့ အခုချိန်မှာ ယုံကြည်မှု ပြည့်ဝတဲ့ အသင်းအဖွဲ့ တစ်ခု အဖြစ် ရှိနေခဲ့ကြပါပြီ။ လို့ ဆိုသွားခဲ့ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို ခန့်မှန်းချက် – မန်ချက်စတာ ယူနိုက်တက် 3-0 ဘုန်းမောက်

credit