အသင်းဟောင်း နဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ကွာခြားမှုကို ထုတ်ပြောလာတဲ့ အဲဗာရို ဖာနန်ဒက်ဇ်

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ လိဂ် ချန်ပီယံရှစ် ကလပ် ပရက်စတန် အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေရတဲ့ စပိန် ဆယ်ကျော်သက် နောက်ခံ အစွန်လူ ကစားသမားလေး အဲဗာရို ဖာနန်ဒက်ဇ် က သူရဲ့ ကလပ် အသင်းဟောင်း




ရီးရဲလ်မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကြား ကွာခြားမှုတွေ အကြောင်းကို ဖွင့်ဟ ပြောဆိုလာ ခဲ့ပါတယ်၊ ၁၉ နှစ် အရွယ် လူငယ် ဘယ်နောက်ခံ ကစားသမားလေး ဖာနန်ဒက်ဇ် ဟာ ၂၀၂၀ ခုနှစ် က ရီးရဲလ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာခဲ့တာ




ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းမှာ ပါဝင် နေတာလည်း ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ် ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် ယူ-၂၃ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူး ထားခဲ့တဲ့ ဖာနန်ဒက်ဇ် ဟာ




၂၀၂၂ ခုနှစ် နွေရာသီမှာပဲ ပရက်စတန် အသင်းဆီ တစ်နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး လိဂ် ချန်ပီယံရှစ် ပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲစုံ ၂၁ ပွဲအထိ ကစားထား နိုင်ခဲ့ပါတယ်၊ ဖာနန်ဒက်ဇ် က- ရီးရဲလ်မက်ဒရစ် မှာက ကျွန်တော် အနေနဲ့




အခြား ကစားသမား တစ်ယောက်လိုပါပဲ၊ မန်ချက်စတာ ယူနိုက်တက် မှာကျတော့ သူတို့က ကျွန်တော့်ကို ထူးခြား စေပါတယ်၊ ရီးရဲလ်မှာ ကျွန်တော်တို့က အကယ်ဒမီ ကစားသမား တွေပါ၊ အားကစား ခန်းမမှာ လေ့ကျင့်ခဲ့ရတယ်၊ မနက်စာ ကိုလည်း




ကလပ်အသင်းရဲ့ အဆောက်အဦးမှာ စားရတယ်၊ ကာရင်တန် မှာကျတော့ ကျွန်တော် မနက်စားဖို့ သွားရင် ဘေးနားမှာ ဒီဂီယာ တို့ ဖရက်ဒ်တို့ ရှိနေတယ်၊ ရီးရဲလ် မှာက ရီးရဲလ် အရန်အသင်းကို ရောက်ရှိဖို့ အတွက် ကစားသမား အရေအတွက် ၈ သိန်းလောက် ရှေ့မှာ




ရှိနေပါတယ်၊ ကျွန်တော် ကတော့ ပထမနှစ် လူငယ် ကစားသမား တစ်ယောက် ဖြစ်ခဲ့တယ်၊ မန်ချက်စတာ ယူနိုက်တက် မှာကျတော့ ၂ လလောက် ကြာပြီးနောက် မှာပဲ ကျွန်တော်က အရန်အသင်းမှာ ပါဝင်နေရပြီ၊ အဲရစ် ဂါဆီယာ ပီကေး နဲ့ ကာဗာဟယ် တို့က




စပိန်ကို ပြန်လာကြပြီး သူတို့ရဲ့ ဘောလုံးသမား ဘဝကို ဆက်လက် ဖြတ်သန်းကြတယ်၊ စတင်ခဲ့တဲ့ နေရာကို ပြန်သွားရတာက အမြဲတမ်း ကောင်းမွန်ပေမယ့် လက်ရှိမှာတော့ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် မှာ ပျော်ရွင်နေပါတယ်၊ အသင်း အတွက်လည်း ပါဝင် ကစားပေး ချင်နေပါပြီ။ လို့ ပြောဆိုသွား ခဲ့ပါတယ်။

credit