ဘုန်းမောက်ကို သုံးဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှ သရဲနီတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ထူးထူးခြားခြား ပြောစရာများ

Manchester United အသင်းဟာ ဒီနေ့ နံနက် အစောက အိုးလ်ထရပ်ဖို့ဒ်မှာ ဘုန်းမောက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး သုံးဂိုးပြတ် နိုင်ပွဲ ရရှိမှုနဲ့ အတူ အမှတ်ပေး ဇယား အဆင့်လေး နေရာမှာ ဆက်လက် ရပ်တည် သွားနိုင်ခဲ့ပါတယ်။




ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးပြီးနောက် မန်ချက်စတာ ယူနိုက်တက် ရဲ့ လေးပွဲဆက် နိုင်ပွဲ ဖြစ်ပြီး လေးပွဲဆက် ဂိုး မပေးရခြင်းလည်း ဖြစ်ပါတယ်၊ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ကလည်း လေးပွဲလုံးမှာ သွင်းဂို ရယူနိုင်ခဲ့ပါတယ်။




ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဥ်ကို အကောင်းဆုံး လွှမ်းမိုးနိုင်ခဲ့ ပေမယ့် ဘုန်းမောက်ဘက် ကလည်း တက်နိုင်သလောက် တုန့်ပြန် နိုင်ခဲ့ပါတယ်၊ ဒီဂီယာ ရဲ့ လက်စွမ်းပြ ကာကွယ်မှုဟာ အသင်းနဲ့ ထပ်မံ စာချုပ် သက်တမ်း တိုးဖို့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။

ဒီ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဂိုးတွေကို ကတ်စမဲရိုး၊ ရှော၊ ရပ်ရှ်ဖို့ ဒ် တို့က သွင်းယူ ခဲ့ကြပြီး အဲရစ်ဆင်၊ ဂါနာချို၊ ဘရူနို တို့က ဖန်တီခဲ့ ကြတာပါ၊ အန်သိုနီ မာရှယ် သွင်းဂိုးနဲ့ မပတ်သက် နိုင်ခဲ့ပြန်တဲ့ ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ကစားခဲ့သလဲ ဆိုတာ




ဖော်ပြပေး လိုက်ပါတယ်။ ဒီဂီယာ 8 ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ဆောင် နိုင်ခဲ့သလို ဆယ်စက္ကန့် အတွင်း နှစ်ချက်ဆင့် ကာကွယ်မှုကိုလည်း လုပ်ပြသွား နိုင်ခဲ့ပါတယ်၊ လေးပွဲဆက် clean sheet ရရှိ ရေးမှာ အရေးပါ သူ ဖြစ်ခဲ့ပါတယ်။




ဝမ် ဘစ်ဆာကာ 7 ခံစစ် ကစားပုံ ထူးကဲခဲ့ ပြန်ပါတယ်၊ သေသပ်တဲ့ ဖျက်ထုတ် မှုတွေက အသင်း ပရိသတ်တွေရဲ့ အော်ဟစ် အားပေးမှုကို ပြန်လည် ရရှိစေခဲ့ပါတယ်၊ ဘစ်ဆာကာ ပြန်လာပါပြီ ဖြစ်ပါတယ်။




လင်ဒီလော့ဖ် 6 ညာဖက်ခြမ်းမှာ ကစားလေ့ ရှိတတ်တဲ့ လင်ဒီလော့ဖ် ဟာ ဘယ်ခြမ်းမှာ ခြေစွမ်းပြဖို့ အတွက် အနည်းငယ် အခက် ကြုံခဲ့ရပါတယ်၊ အမြင့်ဘောတွေ လက် မဦးနိုင်ခဲ့ပါဘူး၊ နေရာ အပြောင်းအလဲ ကြောင့် အချိန် အနည်းငယ် ယူရပါဦးမယ်။

ဟယ်ရီ မက်ဂွိုင်းယား 6 လင်ဒီလော့ဖ် လက် မဦးနိုင်ခဲ့တဲ့ အမြင့် ဘောတွေကို အမြဲလိုလို ဦးဆောင် ရှင်းထုတ် နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကစားပုံ လျော့တိလျော့ရဲ ဖြစ် နေခဲ့ပြီး ပေးပို့မှု အချို့ ညံ့ဖျင်းခဲ့ပါတယ်၊ ဒါကတော့ သူပြန်လာနိုင်ဖို့ အချိန် လိုအပ်နေသေးကြောင်း သိသာ စေခဲ့ပါတယ်။




လုခ်ရှော 7 ကစားချင်တဲ့ ဘယ်ခံစစ်နေရာမှာ ပြန်လည် ကစားခွင့် ရရှိခဲ့ပြီး အကောင်းဆုံး ချိတ်ဆက် ကစားရင်း သွင်းဂိုးပါ သွင်းယူ နိုင်ခဲ့ပါတယ်၊ ဒီ ဂိုးက 2020 ယူရို ဖိုင်နယ်က သွင်းဂိုးကို ပြန်လည်် အမှတ်ရ စေခဲ့ပါတယ်။




ကတ်စမဲရိုး 8 အကောင်းဆုံး ကွင်းလယ် ဗိုလ်ချုပ် တစ်ဦး ဖြစ်ကြောင်း သက်သေပြ သွားခဲ့ပြန်တယ်၊ အဲရစ်ဆင် ရဲ့ ပေးပို့မှုကို တစ်ချက်ထိ ဂိုးအဖြစ် သွင်းယူ နိုင်ခဲ့တယ်၊ မာရှယ် ကိုလည်း အခွင့်အရေး ဖန်တီးပေး နိုင် ခဲ့ပါတယ်။ တကယ့် စူပါစတား ပါပဲ။




အဲရစ်ဆင် 7 ပြီးခဲ့တဲ့ ပွဲစဥ် နှစ်ပွဲမှာ ခြေစွမ်း ကျဆင်းခဲ့တဲ့ အဲရစ်ဆင် ဟာ ဒီပွဲမှာ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ပြီး အလွတ်် တည်ကန်ဘောမှ တဆင့် ဂိုးဖန်တီးမှု၊ အခွင့်အရေး ဖန်တီိးမှု လုပ်ပြသွား နိုင်ခဲ့ပါတယ်။

မားကပ်စ် ရပ်ရှ်ဖို့ဒ် 7 အစပိုင်း ဘယ်တောင်ပံမှာ ကစား ခဲ့ရပြီး နောက်ပိုင်း ညာတောင်ပံ ပြောင်းပြီး ကစားခဲ့ရ ပါတယ်၊ အကောင််းဆုံး ပုံစံ မပြ နိုင်ခဲ့ပေမယ့် လေးပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။




ဘရူနို ဖာနန်ဒက်စ် 7 ညာတောင်ပံမှာ ကစားခဲ့ပါတယ်၊ အကျိုး သက်ရောက်မှု အနေနဲ့ ရှော ရဲ့ ဂိုးကို ဖန်တီးပေး ခဲ့ပါတယ်၊ ဒီပွဲမှ ကစားပုံ အရင်ကထက် ပိုကောင်း ခဲ့ပါတယ်။

ဒွန်နီ ဗန်ဒီဘိခ် 6 အခွင့်အရေး ကောင်း ပိုင်ဆိုင်ခဲ့ ပေမယ့် လူချ ခံခဲ့ရပါတယ်၊ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိတဲ့ ပွဲစဥ်မှာ အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့တဲ့ အပြင် ဒဏ်ရာရ သွားခဲ့ ပြန်ပါတယ်။




အန်သိုနီ မာရှယ် 5 ပြီးခဲ့တဲ့ ပွဲစဥ်က ခြေစွမ်းကောင်း မပြနိုင် ခဲ့ပေမယ့် နည်းပြရဲ့ ထောက်ခံ အားပေးမှုကို ရခဲ့တဲ့ မာရှယ် ဟာ ဒီပွဲမှာ အခွင့်အရေး တစ်ကြိမ် လွဲချော်ခဲ့ပြီး ပုံစံကောင်း ပျောက်ဆုံး နေခဲ့ပါတယ်။

လူစားဝင်ကစားသမားများ ဂါနာချို 7၊ ဖရက်ဒ် 6၊ ဒါလော့ 7၊ အီလန်ဂါ 5၊ မာတီနက်ဇ် 6၊ တိုပဲ ဖြစ်ပါတယ်။

credit