စကေးပြတာ မအောင်မမြင် ဖြစ်ပြီးနောက် ၎င်းတို့ အသင်းရဲ့ ကြယ်ပွင့်ကို ရော်နယ်ဒို ကြောင့် အရန် မထားသင့်ဟု ဆို

ခရစ္စတီယာနို ရော်နယ်ဒို ဟာ အင်္ဂါနေ့က Mrsool Park မှာ အယ်လ်နက်ဆာ အသင်းနဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို ပြုလုပ်ခဲ့ချိန် အတွင်း စကေးပြဖို့ အတွက် ကြိုးပမ်းခဲ့ရာမှာ မအောင်မြင် ခဲ့တဲ့နောက်




ရှက်ကိုး ရှက်ကန်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Ballon d’Or 5 ကြိမ် ဆုရှင်ဟာ မိသားစုနဲ့ အတူ တနင်္လာ နေ့မှာ ခါလစ် ဘုရင် နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး အယ်လ်နက်ဆာ အသင်းနဲ့

ဆေးစစ်မှု ခံယူခဲ့တာ ဖြစ်ပါတယ်၊ ပေါ်တူဂီ ကြယ်ပွင့်ဟာ ဆေးစစ်မှု အောင်မြင် ပြီးနောက် အင်္ဂါနေ့မှာ ဆော်ဒီ အာရေဗျ ကလပ်အသင်း အတွက် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။




သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ ရော်နယ်ဒို ဟာ အယ်လ်နက်ဆာ ရဲ့ Mrsool Park ကွင်းထဲမှာ အသင်းဖော် အသစ်တွေနဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီး ကွင်း အတွင်းက ပရိသတ်တွေဆီ ကနေ ကြက်သီးထ လောက်စရာ




ကြိုဆိုမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်၊ ၃၇ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးဟာ ဂိုး ကန်သွင်းမှု လေ့ကျင့်ရေးကို အသင်းဖော် အသစ်တွေနဲ့ အတူ ပြုလုပ်ခဲ့ပြီး တစ်ကြိမ်မှာ အလွန် ကောင်းမွန်တဲ့ ထိတွေ့မှုနဲ့ အဆုံးသတ်ကို




ပြုလုပ် နိုင်ခဲ့တာကြောင့် အဆုံးသတ် သေချာနေဆဲ ဆိုတာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒို ဟာ အနိမ့်ဘော ဖြတ်တင် ပေးပို့မှုကို ပိတ်သွင်း ယူဖို့ ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ အချိန်မှာ




အယ်လ်နက်ဆာ ပရိသတ်တွေကို အကွက် ပြဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်၊ လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို ဖိုင်ထဲမှာ ရော်နယ်ဒို ဟာ ဘောလုံးကို နောက်ဖနောင့် နဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးပေါက်ကို




လုံးလုံး လွဲချော်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး အဲဒီ ဗီဒီယို ဖိုင်ကို ပရိသတ် တစ်ဦးက သူတို့တွေ သူ့အတွက်နဲ့ ဗင်းဆင့် အဘူဘာကာ ကို အရန်ခုံ ထိုင်ခိုင်းထားဖို့ မဖြစ်နိုင်ဘူး။ လို့ ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ် တစ်ဦး ကလည်း ရိုးရိုသားသား ပြောရရင် ဒါက တော်တော်လေးကို စိတ်မကောင်းစရာပဲ။ လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

credit