ဒဏ်ရာရ ကစားသမား နှစ်ဦးရဲ့ အခြေအနေ အကြောင်း Erik Ten Hag ပြောဆို

Manchester United အသင်းဟာ ဒီနေ့ နံနက်က အိုးလ်ထရပ်ဖို့ဒ်မှာ ဘုန်းမောက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ကတ်စမဲရိုး၊ လုခ်ရှော၊ ဘရူနို တိုရဲ့ သွင်းဂိုးတွေနဲ့ 3 ဂိုးပြတ် နိုင်ပွဲ ရယူနိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။




ဒီပွဲမှာ Manchester United နည်းပြ Erik Ten Hag က ဒီဂီယာ၊ ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ် နဲ့ လုခ်ရှော တို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာ ကတ်စမဲရိုး၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ် တို့ကို ပွဲထွက်စေခဲ့ပါတယ်၊ တိုက်စစ်မှာတော့ မာရှယ်၊ ရပ်ရှ်ဖို့ဒ် ဘရူနို တို့ကို




အသုံးပြုခဲ့ပြီး ပွဲကစားချိန် မိနစ် နည်းပါးတဲ့ ဗန်ဒီဘိခ် အတွက်လည်း ရှားရှားပါးပါး ကစားခွင့် ရရှိခြင်း ဖြစ်ပါတယ်၊ သူဟာ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဘုန်းမောက် နောက််ခံလူ မားကို့စ် စီနီဆီ ရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ အတွက် လူငယ်လေး ဂါနာချို နဲ့ လူစားလဲ ခံခဲ့ရပြီး




ပွဲစဥ် အပြီးမှာ Ten Hag က ဒဏ်ရာရ ကစားသမားက ပြင်းထန်မယ် ထင်ကြောင်း သေချာ အတည်ပြုဖို့တော့ အချိန် တစ်ရက်ပေးဖို့ လိုကြောင်း ပြောဆိုပါတယ်၊ ဒဏ်ရာ ပြဿနာ အသေးစိတ်ကို သိရှိနိုင်ရေး အတွက် ကျွန်တော်တို့ အချိန် 24 နာရီ လိုပါတယ်။




သူ့ရဲ့ အနေအထားက သိပ်ပြီး ကောင်းမွန်ပုံ မပေါ်ပါဘူး။ လို့ Erik Ten Hag က လိုရင်းတိုရှင်း ဖြေကြား သွားခဲ့ပါတယ်၊ ဒီပွဲမှာ ပုံစံကောင်း ပြသဖို့ ရုန်းကန် နေရတဲ့ မာရှယ် ဟာ ဒဏ်ရာ ပြဿနာ ကြုံတွေ့ခဲ့ရ ပြီး ဒီရာသီ ဒဏ်ရာ ပြသနာတွေကြား ရုန်းကန်နေရတဲ့




မာရှယ် အတွက် နောက်ထပ် ကံဆိုးမှု ဖြစ်ပါတယ်၊ ဒီပွဲမှာ မာရှယ် ဟာ ပွဲကစားနေစဥ် အတွင်း ဆေးအဖွဲ့ဝင် တွေရဲ့ ဝင်ရောက် စစ်ဆေးမှုကို ခံယူခဲ့ ရပါတယ်၊ ဒါပေမယ့် ကစားသမား ဖြစ်သူက ဆက်လက် ကစားဖို့ ဆုံးဖြတ််ခဲ့ပြီး အခြေအနေ မဟန်တဲ့နောက် ပွဲပြီးဖို့ 20 မိနစ်် အလိုမှာ လူစားလဲ ခံခဲ့ရပါတယ်။




အခုတော့ လူစားလဲ ခံရပြီးနောက် အဝတ်လဲခန်းဆီ ချက်ချင်း ထွက်ခွာခဲ့တဲ့ မာရှယ်ရဲ့ ဒဏ်ရာအကြောင်း အမေးခံ ရချိန်မှာ Erik Ten Hag က ဒါက အသေးစား ဒဏ်ရာ ဖြစ်မယ် ထင်ကြောင်း ပြောဆိုခဲ့ပါတယ်၊ ဟုတ်ပါတယ် သူ အသေးစား ဒဏ်ရာရတာ ထင်ပါတယ်၊ သူ ခြေခေါက်သွားခဲ့ပြီး ဆက်လက် ကစားခဲ့ပါ သေးတယ်၊ ဒါပေမယ့် သူ ထွက်ခွာခဲ့ ရပါတယ် လို့ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit