ဘုန်းမောက်ကို ဂိုးပြတ် နိုင်ခဲ့တာ ကစားသမား တစ်ဦးကြောင့်ဟု အဲရစ် တန်ဟက်ဂ် ထုတ်ပြော

ဘုန်းမောက် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဥ် အပြီးမှာ မန်ချက်စဝာာ ယူနိုက်တက် နည်းပြက ပွဲရဲ့ ရလဒ်ကို ကျေနပ်မိကြောင်း ဆိုပေမယ့် ဒီဂီယာ လက်စွမ်းပြမှု ကြောင့်သာ ကံကောင်းခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။




ဒီ ပွဲစဥ်မှာ အနိုင် သုံးမှတ် ရဖို့ အသည်းအသန် တိုက်ပွဲ ဝင်ခဲ့ရတာနဲ့ အတူ အဲရစ် တန်ဟက်ဂ် က ကစားသမား တွေရဲ့ ပါးနပ်မှု မရှိခြင်းကို ထောက်ပြခဲ့ပြီး သူတို့ထံက ပိုပြီးတော့ တောင်းဆိုမှု လုပ်ခဲ့ပါတယ်။




အဲရစ် တန်ဟက်ဂ် က- ပွဲ ရလဒ်ကို ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ဒီနေ့က ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပွဲ မဟုတ်ခဲ့ပါဘူး၊ အသင်း တစ်သင်း အနေနဲ့ ပါးပါးနပ်နပ် ကစားခဲ့တာ မဟုတ်ဘူး ဆိုတာ ဝန်ခံရပါမယ်။




သိပ်ကောင်းတဲ့ ဂိုးတွေ သွင်းယူ ခဲ့ပေမယ့် ကံကောင်းသွား တာတွေလဲ ရှိခဲ့ပါတယ်၊ ပြီးတော့ ဒေးဗစ် ရဲ့ လက်စွမ်းပြ ကာကွယ်မှု တွေက သိပ်ကို အဓိက ကျပါတယ်၊ ကျွန်တော်တို့ အသင်း တစ်သင်း အနေနဲ့ ဒီထက် ပိုပြီး ခြေစွမ်းပြ ကစားနိုင် ခဲ့သင့်ပါတယ်။




၂-၀ ဖြစ်နေတဲ့ အချိန်မှာ ကြီးမားတဲ့ နေရာလွတ်တွေ ရှိခဲ့တယ်၊ တခါတလေ ကျွန်တော်တို့ ဘောလုံးကို ထိန်းထားပြီးတော့ ဘယ်အချိန်ကျမှ တိုက်စစ် ဆင်ရမလဲ ဆိုတာ နားလည်နိုင်ဖို့ လိုအပ်တယ်၊ ဒါက နောက် တဆင့်ပေါ့။




၃-၀ နဲ့ နိုင်တာ ကောင်းပါတယ်၊ နှစ်ဘက်လုံး အတွက် ဂိုးသွင်းခွင့် တွေနဲ့ အတူ ပရိသတ်တွေရဲ့ အားပေးမှု ကလည်း သိပ်ကောင်း ခဲ့တယ်၊ ကျွန်တော်တို့ တစ်ပွဲချင်းစီ ချဉ်းကပ် ရမှာပါ၊ နောက်ပွဲကတော့ ဖလား ပွဲပေါ့။




ဒါပေမယ့် ပွဲတိုင်းကို အနိုင် ရယူချင်တယ်၊ ဒီထက် ပိုဝေးတဲ့ အနာဂတ်ကို မကြည့်ဘူး၊ ဒီပေါ်မှာပဲ အာရုံစိုက် ထားမယ်၊ ဒါက ခက်ခဲတဲ့ ပွဲ ဖြစ်မှာပါ၊ ပွဲကြို ပြင်ဆင်မှု မှာရော တကယ့် ပွဲမှာပါ အစွမ်းကုန် ထုတ်သုံးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ ဂိုး ပြန်ပေးရဖို့ ရှိခဲ့ပေမယ့် ဒီဂီယာ ကယ်လို့ တော်ပါသေးတယ်၊ ဒါမျိုး ကျွန်တော် သဘောမကျဘူး၊ ဒါမျိုး ထပ်မဖြစ်အောင် ရှောင်ကြဉ် ရမယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘုန်းမောက် ကို နိုင်လိုက် တာကြောင့် အမှတ်ပေး ဇယားမှာ အဆင့် ၃ က နယူးကာဆယ် အသင်းနဲ့ ရမှတ် တူ ၃၅ မှတ် ရရှိထားပြီး အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နေဆဲ ဖြစ်ပါတယ်။

credit