မန်ချက်စတာ ယူနိုက်တက် နဲ့ သူရဲ့ အနာဂတ် ဘယ်လိုရှိသလဲ ဆိုတာ အသိပေး ချပြလာတဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က လက်ရှိ အသင်းနဲ့ သူရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်း ၆ လသာ ကျန်ရှိနေ တော့ပေမယ့်လည်း အသင်းနဲ့ သက်တမ်းတိုး သွားချင်သလို သူရဲ့ကစားသမား ဘဝကိုလည်း




မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ ကုန်ဆုံးသွား ချင်တယ်လို့ ဖွင့်ဟ လာခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ်တည်းက အသက်လက်တီကို မက်ဒရစ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာတဲ့ ဒီဂီယာ ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် ရဲ့




သက်တမ်းရှည် ကစားသမား တစ်ဦး ဖြစ်သလို နှစ်တိုင်းမှာလည်း အသင်းက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားတွေကို သိမ်းပိုက်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်၊ လက်ရှိ စပိန် ဂိုးသမားဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ကုန်ဆုံးဖို့




လပိုင်းလောက်သာ ကျန်ရှိ နေတော့တာ ဖြစ်လို့ သူ့ကို အသင်းဘက်က သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး ဒီဂီယာ ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ နောက်ထပ် နှစ်ပေါင်းများစွာ ပါဝင်သွား ချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်၊ စာချုပ် ကိစ္စနဲ့




ပတ်သတ်ပြီး ဒီဂီယာ က- အဲ့ဒါနဲ့ ပတ်သတ်ရင်တော့ ကျွန်တော် စိတ်အေး လက်အေးပဲ ရှိနေပါတယ်၊ လေ့ကျင့်ရေးမှာပဲ အာရုံစိုက်တယ်၊ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပါတယ်၊ ဒါပေမယ့် သေချာတာ ကတော့ နည်းလမ်းကောင်း တစ်ခုနဲ့ အဆုံးသတ် လိမ့်မယ် ဆိုတာပါပဲ။




ဒီမှာ ကျွန်တော်ရဲ့ ကစားသမား ဘဝကို ကုန်ဆုံးသွားဖို့ မျှော်လင့် ထားပါတယ်၊ ဒါက ကျွန်တော်ရဲ့အသင်းပါ၊ ဒီ အသင်းမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ရတာကို အရမ်း ဂုဏ်ယူမိသလို အရမ်းလည်း ပျော်ရွှင်မိပါတယ်၊ အခု ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း ကစားနေနိုင်ပါတယ်။




တတ်နိုင်သမျှ ဒီပုံစံကို ထိန်းသိမ်းပြီး ပွဲစဥ်တိုင်းကို ဗိုလ်လုပွဲ သဖွယ် ကစားသွားရပါမယ်။ လို့ ပြောဆိုသွား ခဲ့ပါတယ်၊ ဒီဂီယာ ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပွဲတိုင်း နီးပါး ပါဝင်ထား ခဲ့ရသလို ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အပြီး ကလပ် အသင်းပွဲတွေ




ပြန်လည် စတင်ချိန် ကနေ ယခုထိ ၄ ပွဲ ဆက်တိုက်ထိ clean sheets တွေ ရယူပေး ထားနိုင်ခဲ့ ပါတယ၊ ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ဆက်ရှိနေဖို့ အတွက် သူရဲ့ လက်ရှိ လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ကို လျှော့ယူ သွားဖို့ပါ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။

credit