သွင်းဂိုးတွေ ဆောင်ကြဉ်းပေးမယ့် စူပါ တိုက်စစ်မှူးကို တရားဝင် ကမ်းလှမ်းလိုက်ပြီ ဖြစ်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်သူ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ် ကို အငှား ယူရို ၄ သန်းနဲ့ တရားဝင် ကမ်းလှမ်း လိုက်ကြောင်း Relevo သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ကြယ်ပွင့် ရော်နယ်ဒို နဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ ပြီးနောက် ရော်နယ်ဒို ရဲ့ နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်ထားပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ် က ကာလရှည် ပစ်မှတ် ကစားသမား တွေထဲက တဦးလည်း ဖြစ်ပါတယ်။




၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ် က အထောင်တိုက်စစ်၊ နောက်ချန် တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံ နှစ်ဖက်လုံးမှာ ကစားနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ပြီး အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်




နည်းပြ ဆီမြွန်နီ တို့ကြားမှာ ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပါတယ်၊ ဒါကြောင့် အက်သလက်တီကို မက်ဒရစ် က အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဂျာအို ဖီးလစ် ကို ယခု ဆောင်းဈေးကွက် မှာပဲ အငှား ချရန် ဆုံးဖြတ်ခဲ့ပြီး ဂျာအို ဖီးလစ် ကလည်း အက်သလက်တီကို မက်ဒရစ် မှာ




မပျော် တော့တာကြောင့် အသင်း ပြောင်းခွင့် တောင်းခံ ထားပါတယ်၊ နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် က ဂျာအို ဖီးလစ် ကို ရာသီဝက် အငှားကြေး ယူရို ၄ သန်း + ဖီးလစ် ရဲ့ လုပ်ခ လစာ အပြည့်ကို ပေးချေပေးမယ် ဆိုတဲ့




ကမ်းလှမ်းချက် တရပ်ကို အက်သလက်တီကို မက်ဒရစ် အသင်းထံ ပေးပို့ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုထဲမှာ ရာသီကုန်မှာ ဖီးလစ်ကို ဝယ်ယူပါ့မယ် ဆိုတဲ့ အချက်အလက် မပါဝင်ခဲ့ကြောင်း သိရပါတယ်၊ အက်သလက်တီကို မက်ဒရစ် က ဂျာအို ဖီးလစ် အတွက် အငှားကြေး ယူရို ၈ သန်းအထိ




လိုချင် နေပေမယ့် ဖီးလစ် ကိုယ်တိုင်က အသင်းမှာ မနေချင် တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်း စပိန် အပြောင်းအရွှေ့ ကျွမ်းကျင်သူ တွေနဲ့ သတင်းထောက် များက သုံးသပ်ထား ကြပါတယ်။

credit