နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှုကို မဖြစ်နိုင်ကြောင်း ၎င်းရဲ့ ကြယ်ပွင့်ကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ငြင်းပယ်လိုက်တဲ့ တန်ဟက်ဂ်

စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တွမ်မီနေး ကို ခေါ်ယူဖို့ လိဂ်တူ ပြိုင်ဘက် နယူးကာဆယ် အသင်းက ကြိုးပမ်းနေပြီး အဲရစ် တန်ဟက်ဂ် က ကွင်းလယ် ကြယ်ပွင့်ကို ရောင်းချဖို့ မဖြစ်နိုင်ကြောင်း အတည်ပြု ငြင်းဆန် သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း




တွမ်မီနေး ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပြီး အဲရစ်ဆင် နဲ့ ကတ်စ်မဲရိုး တို့ အိုးလ်ထရက်ဖို့ဒ် ကို ရောက်ရှိလာ ပြီးနောက် တွမ်မီနေး ရဲ့ ပွဲထွက် ကစားချိန်တွေ ကန့်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်၊ တွမ်မီနေးဟာ




ယခုအခါ ပွဲ ကစားခွင့် နည်းပါးသွား ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကစားသမား တစ်ဦး အဖြစ် အဲရစ် တန်ဟက်ဂ် က သတ်မှတ်ထားပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်း သူ့ကို လက်လွှတ် ရခြင်းမှာ အသင်း အတွက်




ဆိုးကျိုး သက်ရောက် စေမယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်၊ လတ်တလော ကာလတွေမှာ နယူးကာဆယ် အသင်းက စကော့တလန် လက်ရွေးစင် ရဲ့ ခြေစွမ်း အပေါ် စိတ်ဝင်စား လာပေမယ့် မန်ချက်စတာ ယူနိုက်တက် တာဝန် ရှိသူများနဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် က




ယခု အပြောင်းအရွှေ့ ဈေးကွက်မှာ ဆက်ထိန်း ထားလိုကြောင်း ပြောဆိုခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ နာမည်ကျော် သတင်းထောက် ခရိတ်ဟုတ် ကလည်း ဆိုပါတယ်၊ နယူးကာဆယ် က ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ငွေလုံးငွေရင်း ကြီးကြီးမားမား သုံးစွဲဖို့ မရှိဘူး ဆိုတာ တွမ်မီနေး အပေါ် စိတ်ဝင် စားမှုက သက်သေ ပြနေပါတယ်။




တွမ်မီနေး က ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်း အကောင်းဆုံး ကစားသမားတွေမှာ ပါဝင်မှု မရှိပေမယ့် အလုပ် ကြိုးစားပြီး ယုံကြည် စိတ်ချရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်၊ ဆော်ဒီ ပိုင်ရှင်တွေရဲ့ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့ပြီးနောက် နယူးကာဆယ် အသင်းဟာ ဒန်ဘန်း၊ ထရစ်ပီယာ တို့လို စံပြ ကိုယ်ရည် ကိုယ်သွေး နဲ့ အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

credit