နေရာ ပြောင်းလဲ ကစားခဲ့ရတဲ့ အပေါ် ရင်ဖွင့်လာတဲ့ လုခ်ရှော

လုခ်ရှော ဟာ ဆောက်သမ်တန် အသင်းမှာ ကစားပေးစဥ် တည်းက ဘယ်ခံစစ် နေရာမှာ ကစားခဲ့သူ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင် ခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဆင့်ခေါ်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်၊ ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ




ရောက်လာခဲ့ပြီး ဘယ်ခံစစ် နေရာမှာပဲ ဆက် ကစားခဲ့ပါတယ်၊ ဒါပေမယ့် ဆိုးလ်ရှား ကိုင်တွယ်တဲ့နောက် သူဟာ ကြုံရင် ကြုံသလို သုံးယောက်တန်း ခံစစ် ကစားခဲ့ရပြီး အဲ့ဒီမှာလည်း ခံစစ် ကစားပုံ ကောင်းမွန်ခဲ့ပါတယ်၊ နောက် 2022 ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ




မာတီနက်ဇ် အသင်းနဲ့ မပူးပေါင်းသေးပဲ ဟယ်ရီ မက်ဂွိုင်းယား နေမကောင်းတာကြောင့် လင်ဒီလော့ဖ် ဒဏ်ရာ ပြသနာ အနည်းငယ်် ရှိနေခဲ့ချိန်မှာ လုခ်ရှော ဟာ ဗဟို ခံစစ်မှူး အဖြစ် ရာဖေးလ် ဗာရန်း နဲ့ တွဲဖက် ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်း ပြခဲ့တဲ့ အတွက် အဲရစ် တန်ဟက်ဂ် က နှစ်ပွဲဆက်




အသုံးပြုသွား ခဲ့ပါတယ်။ နှစ်ပွဲလုံး ပုံစံကောင်း ပြသ နိုင်ခဲ့ပေမယ့် မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် အရန်ခုံပေါ် ရှိနေချိန် သူ့ကို ပွဲထုတ်တဲ့ အပေါ် ဝေဖန်ခဲ့ကြပြီး ဘုန်းမောက် နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဥ်မှာ နည်းပြက မက်ဂွိုဂ်းယား နဲ့ လင်ဒီလော့ဖ် ကို ပွဲထုတ်ခဲ့ပြီး လုခ်ရှော ကို ဘယ်ခံစစ်ကို ပို့ဆောင်ခဲ့ပါတယ်။




ယခုတော့ လုခ်ရှော က ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ နည်းပြ ထားတဲ့ နေရာမှာ ကစားသွားမှာ ဖြစ်ကြောင်း တုန့်ပြန် လိုက်ပါတယ်။ အခုချိန်မှာ ဗဟိုခံစစ် အတွက် ရွေးချယ််စရာတွေ များလွန်းတာကို အားလုံး သိပါတယ်၊ ဒါပေမယ့် မန်နေဂျာက ဒီနေရာမှာ ပွဲထွက်ဖို့ ကျွန်တော့်ကို ယုံကြည်မှု ထားတယ် ဆိုတာ သိရလို့ ဝမ်းသာမိပါတယ်။




ဒီနေရာမှာ ကစားရတာ ပျော်တယ်၊ နည်းပြ အထင်ကြီးအောင် လုပ်နိုင်ခဲ့ တယ်လို့လည်း ထင်တယ်၊ ကျွန်တော်က ဘယ်ခံစစ် ကစားသမားပါ၊ ဒါပေမယ့် အသင်းက လိုအပ်တဲ့ နေရာမှာ ကစားဖို့ အသင့်ပါပဲ၊ ကျွန်တော်တို့ အမြဲတမ်း Clean Sheet ရရှိနိုင်ဖို့ ကြိုးစားခဲ့ကြတယ်၊ အဲ့ဒီလို လုပ်နိုင်ရင် အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့




နိုင်ပွဲ ရယူနိုင်တယ်လို့ ယုံကြည်လို့ပါ၊ ကစားပုံ လျော့တိလျော့ရဲ ဖြစ်ခဲ့တာ တွေလည်း ရှိပါတယ်၊ ကျွန်တော်တို့ အဲ့ဒီလို လုပ်လို့ မရဘူး၊ ဒီပွဲမှာ ဒေ့ဗ် ဟာ အကောင်းစား ကာကွယ်မှုတွေ လုပ်ဆောင်ပြီး အံ့ဖွယ် ဖြစ်ခဲ့တယ်၊ သူက အသင်းအတွက် Clean Shee ရယူပေးခဲ့ သူပါ။ လို့ လုခ်ရှော က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit