လိုအပ်ချိန် မပူးပေါင်းလာသေးတဲ့ ဆန်ချိုကို စိတ်မရှည်တော့ကြောင်း ထုတ်ပြောလာတဲ့ တန်ဟက်ဂ်

အဲရစ် တန်ဟက်ဂ် က တိုက်စစ် အတွက် လိုအပ်ချိန်မှာ ဆန်ချို အသင်း အတွက် မပါဝင် နိုင်မှု အပေါ် စိတ်မရှည် တော့ကြောင်း ဖွင့်ဟ လိုက်ပါတယ်၊ ဆန်ချို ဟာ ဒီ တစ်ပါတ်မှာ ကာရင်တန်ကို ပြန်လာနိုင်ခဲ့ပြီး လေ့ကျင့်မှု စတင် လုပ်ဆောင်ခဲ့ပါတယ်၊ ဒါပေမယ့် အသင််းဖော် တွမ်ဇီဘီ နည်းတူ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်နိုင်ခြင်း မရှိခဲ့သေးပါဘူး။




သူဟာ ချဲလ်ဆီးနဲ့ တစ်ဘက် တစ်ဂိုးစီ ရလဒ် ထွက်ပေါ်ခဲ့တဲ့ အောက်တိုဘာ 22 ရက် နောက်ပိုင််း မန်ချက်စတာ ယူနိုက်တက် အတွက် ထပ်မံ ကစားပေးခြင်း မရှိခဲ့ပါဘူး၊ ဝက်စ်ဟမ်း နဲ့ ကစားခဲ့တဲ့ အောက်တိုဘာ 30 နေ့က နောက်ဆုံး အသင်း လူစာရင်းမှာ ပါဝင်ခဲ့တာပါ။




နောက် ကမ္ဘာ့ဖလား ပြိုင််ပွဲ ကစားနေစဥ် အတွင်းမှာလည်း သူဟာ အသင်းနဲ့ စပိန်မြေကို မလိုက်ပါ ခဲ့ပါဘူး၊ သတင်းထောက် တစ်ဦးကတော့ သူ ဒဏ်ရာ ရနေတယ် လို့ ဖော်ပြခဲ့ပါတယ်၊ အချို့ကတော့ ဆန်ချိုဟာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။




နည်းပြ ကတော့ သူ မကြံ့ခိုင်သေးလို့ မပါဝင် သေးတာလို့ ဖော်ပြ ခဲ့ပါတယ်၊ အခုတော့ ရော်နယ်ဒို ထွက်ခွာပြီ ဖြစ်သလို မာရှယ်၊ အန်တိုနီ၊ ဗန်ဒီဘိခ် တို့ကလည်း ဒဏ်ရာ ပြသနာ ကြုံနေကြပါတယ်၊ ဒီအချိန် စိတ်ရှည်ဖို့ လိုပေမယ့် ဆန်ချို နဲ့ ပတ်သက်ပြီး စိတ်မရှည် တော့ကြောင်း Erik Ten Hag က ထုတ်ပြော လိုက်ပါတယ်။




ဆန်ချို အနေနဲ့ ကစားသမား စာရင်းမှာ ပြန်လာနိုင်ရင် သဘော ကျမိမှာပါ၊ အခုလို အချိန်မှာ တွန်းအားပေး တာမျိုးလည်း မလုပ်ချင်ပါဘူး၊ သူ့ရဲ့ process ဆက် ကောင်းမွန်ဖို့ ခွင့်ပြုရပါမယ်၊ လက်ရှိမှာ ကျွန်တော်လုပ် နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရမှာပဲ။




အချို့ process တွေက တွန်းအားပေးလို့ မရဘူး၊ ဆန်ချို ရဲ့ အနေအထားက အဲ့ဒီလို ဖြစ်နေတယ်၊ ဒါ့ကြောင့် ကျွန်တော် စိတ်ရှည်နိုင်စွမ်း မရှိတော့ပါဘူး၊ ဒါပေမယ့် စိတ်ရှည်ပေး ရဦးမယ်၊ အသင််းရဲ့ တိုက်စစ်မှာ ပရီးမီးယားလိဂ် ကစားနိုင်မယ့် ကစားသမားမျိုး လိုအပ်နေတယ်၊ ပရီးမီးယားလိဂ် တင် မဟုတ်ပါဘူး။




အဆင့်အတန်း မြင့် ပြိုင်ပွဲတိုင်း ကစားပေး နိုင်သူကို လိုအပ်နေတာ အဲ့ဒီထဲမှာ ဂျေဒန် ပါတယ်၊ သူ ပြန် ကြံ့ခိုင််တာနဲ့ ပါဝင်ရလိမ့်မယ်၊ ရွေးချယ်ခွင့် ပိုရလာမှ နိုင်ပွဲတွေ ထပ်မံ ရယူနိုင်မှာပါ၊ လက်ရှိတော့ အနေအထား တွေကို လက်သင့်ခံ ရဦးမယ်၊ သူက လမ်းကြောင်းမှန်ပေါ် ရှိနေတာပါ၊ အသင်းနဲ့ မပူးပေါင်း နိုင်သေးတာတော့ ဆိုးတယ်၊ တွန်အား ပေးလို့ကလည်း မရဘူး။




သူ ကစားသမား စာရင်းထဲ ပါဝင်လာရင် ဝမ်းမြောက်မိ မှာ လက်ရှိတော့ သူ မကြံ့ခိုင်သေးဘူး၊ ရုပ်ပိုင်းဆိုင်ရာ ပြောတာပါ၊ ဒါပေမဲဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့လည်း ဆက်နွယ် နေတယ်၊ အနည်းငယ်တေည့ တိုးတက်လာပြီ၊ သူ အမြန်ပြန်လာဖို့ မျှော်လင့်တယ်၊ ဘယ်လောက် ကြာမလဲတော့ မပြောနိုင်သေးဘူး။ လို့ ပြောဆိုသွားခဲ့ပါတယ်။

credit