ကြယ်တစ်ပွင့် ကြောင့်သာ မဟုတ်ရင် ဂိုးပြတ်နိုင်မှာ သူတို့ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ အနိုင်က မထိုက်တန်ကြောင်း ရှင်းပြလာတဲ့ ဘုန်းမောက် နည်းပြ

ဘုန်းမောက် နည်းပြက မန်ချက်စတာ ယူနိုက်တက် ကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ရက်စက်တယ်လို့ ထုတ်ပြော လိုက်ပါတယ်၊ ဘုန်းမောက်ဟာ အိုးလ်ထရပ်ဖို့ဒ် မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်ခဲ့ရပြီး




ပထမပိုင်းမှာ ကတ်စမဲရိုး၊ ဒုတိယပိုင်းမှ လုခ်ရှော၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ 3-0 နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ပွဲစဥ်မှာ ဘုန်းမောက် ဘက်က တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီဂီယာ ရဲ့ လက်စွမ်း




ပြသမှုတွေကြောင့် ဂိုးမရဘဲ အိမ်ပြန်ခဲ့ရပါတယ်၊ ပွဲအပြီးမှာ ဘုန်းမောက် နည်းပြ အိုနေးလ် က သူတို့ အသင်း အနေနဲ့ ပြန်လာဖို့ အခွင့်အလမ်း ပိုင်ဆိုင်ခဲ့ပေမယ့် အရ မယူနိုင် ခဲ့တာကို မကျေမနပ် ဖြစ်မိကြောင်း ဖွင့်ဟလိုက်တာပါ။




ကျွန်တော်တို့ အရမ်း ကောင်းခဲ့တယ်လို့ ထင်တယ်၊ ဒါပေမယ့် ရှုံးခဲ့တယ်၊ 3-0 ဆိုတဲ့ ရလဒ်က ကျွန်တော်တို့ အပေါ် ရက်စက် လွန်းတယ်၊ ကျွန်တော် တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေး အချို့ ပိုင်ဆိုင်ခဲ့ကြတယ်။




ပထမ ပေးဂိုးကတော့ တကယ့်ကို မကျေနပ်စရာပါ။ ကျွန်တော်တို့ အလွတ် တည်ကန်ဘော ကနေ ဂိုးပေးခဲ့ ရတာလေ၊ ဒါကို ကာကွယ် နိုင်ခဲ့သင့်တယ်၊ အဲ့လိုသာ ဆိုရင် ဖိအားပေး ကစားတဲ့ ဒဏ်တွေကို အများကြီး




ခံခဲ့ရမှာ မဟုတ်ပါဘူး၊ 0-0 ဖြစ်နေတုန်းက သူတို့တွေ out of position ဖြစ်နေတာမျိုး ပြန်လည် ဖာထေးပြီး ရှောင်လွှဲ နိုင်ခဲ့တယ်။ သူတို့ မထိုက်တန်ဘူး၊ ဒုတိယပိုင်း ကျွန်တော်တို့ ရန်လိုမှုနဲ့ ကစားတယ်။




ဖိအားပေး တိုက်စစ်ဆင်တယ်၊ ကစားပုံ ပထမပိုင်း အတိုင်း ဆိုပေမယ့် တိုက်စစ်ဆင် မှုတွေ အဲ့ဒီ တုန်းကထက် ပို မြင်ခဲ့ရပါတယ်၊ နည်းနည်း မှားသွားလိုက်ရုံနဲ့ 2-0 ဖြစ်သွားတယ်၊ ကျွန်တော်တို့ အခွင့်အရေး 6 ကြိမ်ထိ ပိုင််ဆိုင်ခဲ့တာဗျာ။

ဒီဂီယာ ကာကွယ်ခဲ့တယ်၊ သူကြောင့်သာ မဟုတ်ရင် ဂိုးပြတ်နိုင်မှာက ကျွန်တော်တို့ပါ၊ ဖွင့် ကစားချိန်မှာ သူတို့ အခွင့်အရေး ယူသွားတယ်၊ ရလဒ် နဲ့ ပတ်သက်လို့ မကျေနပ်ဘူး၊ ကစားပုံနဲ့ ပတ််သက်လို့ တော့ ကျေနပ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

credit