ကစားပုံ ညံ့ဖျင်းလွန်းလို့ အရှေ့အလယ်ပိုင်း ရော်‌နယ်ဒို သွားတဲ့နောက် လိုက်သွားလို့ ပရီးမီးယားလိဂ် ကြယ်တစ်ပွင့် ပြောဆိုခံရ

ချဲလ်ဆီး ပရိသတ်တွေက မန်ချက်စတာ စီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကြာသပတေးနေ့ ညက ပွဲစဉ်မှာ အူဘာမီယန်း ရဲ့ ခြေစွမ်းကြောင့် စိတ်ပျက်ခဲ့ကြပြီး ဂါဘွန် တိုက်စစ်မှူးကို အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒို နောက်လိုက်သွားဖို့ အကြံပေးခဲ့ကြပါတယ်။




အူဘာမီယန်း ဟာ ရာဟင်း စတားလင်း ဒဏ်ရာ ရရှိသွားခဲ့ ပြီးနောက် အစောပိုင်း လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပေမယ့် ဂန်းနား ကြယ်ပွင့်ဟောင်း အကျိုးသက်ရောက်မှု ပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်၊ ချဲလ်ဆီး အသင်းဟာ ပွဲ ကစားချိန် ပထမပိုင်း အတွင်း




ပိုမို ကောင်းမွန်တဲ့ အသင်း ဖြစ်ခဲ့တာ သေချာပြီး စတမ်းဖို့ဒ် ဘရစ်ချ်က ပရိသတ် တွေဟာ ပထမပိုင်း အပြီး ကွင်းထဲကနေ ထွက်လာတဲ့ ပေါ့တား ရဲ့ အသင်းကို မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုမှုတောင် ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာ ဟာ




၎င်းရဲ့အသင်း ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အတွက် အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ဖို့ လိုအပ်ခဲ့ပြီး လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ဂရီးလစ်ရှ် နဲ့ မာရက်ဇ် တို့ ၂ ဦး ပေါင်းပြီး စီးတီး အတွက် ဦးဆောင် ဂိုးကို သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။




ကီဗင် ဒီဘရိုင်းနား ဟာ ဘယ်တောင်ပံမှာ လွတ်နေတဲ့ ဂရီးလစ်ရှ်ဆီ ကနေ ပေးပို့ခဲ့ရာမှာ အက်စတွန် ဗီလာ ကြယ်ပွင့်ဟောင်းက ပင်နယ်တီ ဧရိယာထဲ ဖြတ်တင် ပေးပို့ခဲ့ရာမှာ မာရက်ဇ် က သက်တောင့် သက်သာပဲ တစ်ချက်ထိ ပိတ်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။




ဒန်းနစ် ဇာကာရီယာ နဲ့ လူးဝစ္စ ဟောလ် တို့ဟာ ချဲလ်ဆီး အသင်း အတွက် အလွန် ထူးခြား ကောင်းမွန်ခဲ့ ပေမယ့်လည်း ဂရေဟမ် ပေါ့တာ ရဲ့ အသင်းဟာ ချေပဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပြီး နာကျင်အချိန်ပို က ဟောလ် ရဲ့ ကန်ချက်ဟာ ဂိုး ဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း




ပရိသတ်တွေက အူဘာမီယန်း ရဲ့ စွမ်းဆောင်ရည်ကို ဒေါသ ထွက်ခဲ့ကြပြီး ဂါဘွန် တိုက်စစ်မှူးဟာ ဘာစီလိုနာ ကနေ နွေရာသီမှာ ပြောင်းရွှေ့လာပြီး ကတည်းက အသင်းအတွက် အကျိုးသက်ရောက်မှု ပြဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်၊ အူဘာမီယန်း ဟာ ချဲလ်ဆီး အတွက်




လက်ရှိ အချိန်အထိ ၁၆ ပွဲ ပါဝင် ကစားပေး ခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင် သေးတာ ဖြစ်ပါတယ်၊ ချဲလ်ဆီး အသင်း ပရိသတ်တွေ ဟာ မန်ချက်စတာ စီးတီး နဲ့ ပွဲစဉ်မှာ နောက်ထပ် တစ်ကြိမ် ခြေစွမ်း မပြသ နိုင်ခဲ့တဲ့




အူဘာမီယန်း ရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို တွစ်တာပေါ်မှာ ပြစ်တင် ကြိမ်းမောင်း ခဲ့ကြတာ ဖြစ်ပါတယ်၊ အူဘာမီယန်း က ချဲလ်ဆီး အသင်း အတွက် အတင်း အဓမ္မ ကစားခိုင်းတာ ခံခဲ့ရ သလိုမျိုး ကစားနေတယ်၊ သူကွင်းထဲမှာ ကစားနေတာကို ကြည့်ရတာ အရမ်း စိတ် အနှောင့်အယှက် ဖြစ်ဖို့




ကောင်းတယ်။ လို့ ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ် တစ်ဦးကလည်း အူဘာမီယန်း ငါတို့ကို တစ်ခုလောက် လုပ်ပေးပါ၊ နွေရာသီ ကျရင် အရှေ့ အလယ်ပိုင်းက ရော်နယ်ဒို သွားတဲ့ နောက်ကို လိုက်သွားပေးပါ။ လို့ မှတ်ချက်ပေး ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

credit