မန်ချက်စတာ ယူနိုက်တက် ရဲ့ စိတ်ဝင်စားမှု အတွက် နေမာ ရဲ့ သတ်မှတ် တန်ကြေးကို ပြုပြင်ပေးလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ဟာ နေမာ ရောင်းချနိုင်ဖို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို အံ့အားသင့်ဖွယ် ပမာဏထိ လျှော့ချလိုက်ပြီ ဖြစ်ပြီး ကမ်းလှမ်းမှုကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြသွား ခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းနဲ့




၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ နေမာ ဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာ ကနေ ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်းကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝ တလျှောက် ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရ ပေမယ့်လည်း




ကြံ့ခိုင်မှု ပြည့်ဝချိန်မှာ ဆိုရင် မှော်ဆန်တဲ့ ခြေစွမ်းနဲ့ ကမ္ဘာ့ အဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်၊ နေမာ ဟာ ၂၀၂၁ ခုနှစ်ကမှ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ တွေဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိလာရင်




ဘရာဇီးလ် ကြယ်ပွင့်ကို ရောင်းချ ချင်နေတယ်လို့ သိရပြီး Fichajes ရဲ့ ဖော်ပြချက် အရ ပီအက်စ်ဂျီ အသင်းဟာ ပြောင်းရွှေ့ကြေး သိသိသာသာ လျှော့ချပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်၊ ပီအက်စ်ဂျီ ဟာ နေမာ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၅၀ ကနေ




၆၀ အတွင်း ပမာဏ တရပ်နဲ့ ကမ်းလှမ်း လာခဲ့မယ် ဆိုရင် လက်ခံ နားထောင်ပေး သွားချင်နေတယ်လို့ သိရပြီး နေမာကို ရောင်းထုတ် ချင်ရတဲ့ အကြောင်းအရင်း ဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၆၀၆၀၀၀ အထိ ရှိတဲ့ ကြီးမားတဲ့ လစာ ပမာဏကို မပေးချေလို တော့ကြောင့်




ဘာစီလိုနာ ကြယ်ပွင့် ဒမ်ဘီလီ ကို အစားထိုး ခေါ်ယူမှု အဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းသွား ချင်တဲ့ ဆန္ဒ ရှိနေတာကြောင့် ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်၊ ပြင်သစ် လီဂူးဝမ်း ချန်ပီယံတွေ အနေနဲ့ နေမာ ရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေး လိုက်တာက မန်ချက်စတာစီးတီး၊ ချဲလ်ဆီး




နယူးကာဆယ်နဲ့ မန်ခချက်စတာ ယူနိုက်တက် တို့လို ပရီးမီးယားလိဂ် ကလပ် အသင်းတွေ အတွက် တပ်လှန့် လိုက်တာ ဖြစ်ပြီး ဘရာဇီးလ် တိုက်စစ်မှူးဟာ ပဲရစ်က ၆ ရာသီ အတွင်း ၁၆၅ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၁၁၅ ဂိုး နဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

credit