ပြင်းထန်လွန်းတဲ့ ကစားပွဲကြောင့် ပရိတ်သတ်တွေပါ ရင်တုန်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် 3-1 အဲဗာတန် ပွဲပြီး သုံးသပ်ချက်

ယနေ့ နံနက် နှစ်နာရီခွဲ အချိန်က အိုးလ်ထရက်ဖို့‌‌ဒ် မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် အသင်းကို ၃-၁ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပြီး စတုတ္ထ အဆင့် ပွဲစဉ်တွေဆီကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် အတွက်တော့ ဒီ ကိစ္စဟာ တစ်စုံတစ်ခု ကို အစပြုခြင်း ဖြစ်နိုင်ပေမယ့် အဲဗာတန် မန်နေဂျာ လမ်းပတ် အတွက်တော့ ဒီကိစ္စက အဆုံးသတ် တစ်ခု ဖြစ်လာနိုင်ပြီး လမ်းပတ် အတွက် ကံမကောင်းဘူး လို့လည်း ပြောလို့ ရပါတယ်။

အန်တိုနီ ရဲ့ သွင်းဂိုးကို ကော်နာကုဒ်ဒီ က ပြန်လည် ချေပနိုင်ခဲ့ ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒုတိယပိုင်းမှာ ကုဒ်ဒီက ပဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် အသင်း ထပ်မံ အသာရ သွားခဲ့တာပဲ ဖြစ်ပါတယ်၊ လမ်းပတ် အတွက်ကတော့ အချိန် သိပ်မကျန် တော့သလို




မန်ချက်စတာ ယူနိုက်တက် ကို အက်ဖ်အေ ဖလားမှာ အရှုံးပေး လိုက်ရပြီး နောက်ပိုင်း ရာထူးက ထုတ်ပယ်ခံ ရဖို့ အရမ်းကို နီးစပ်တဲ့ အနေအထားလည်း ဖြစ်သွားခဲ့ ပါပြီ၊ ၄၅ နှစ်အရွယ် လမ်းပတ် ဟာ ကစားသမား နဲ့ မန်နေဂျာ ဘဝမှာ အက်ဖ်အေ ဖလား ပွဲစဉ် ၅ ပွဲကို




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ ပထမဆုံး အကြိမ် ရှုံးနိမ့်ဖူးခြင်း ဖြစ်ပေမယ့် ဒီ တစ်ကြိမ် ရှုံးရတာကတော့ ရှုံးသင့်လို့ ရှုံးခဲ့ရတာ ဖြစ်ကြောင်း သတင်းများက သုံးသပ် ဖော်ပြကြပြီး အဲရစ် တန်ဟက်ဂ် အသင်းကတော့ ထိုက်ထိုက် တန်တန် အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

အာရုံ စူးစိုက်မှုနဲ့ အဆုံးသတ်ပိုင်း ပိုမို ကောင်းမွန်မှု တို့ကြောင့် ယခုထက် ပိုပြီးတောင် ဂိုးပြတ်သွားနိုင်ပြီး လမ်းပတ် က အဲဗာတန် မန်နေဂျာဘဝ နှစ် ပတ်လည်မှာ မန်စီးတီး ကို သရေ ရအောင် လုပ်ပြနိုင်ခဲ့ပါတယ်၊ အဲဒီနောက် ဘရိုက်တန် ကို ၄-၁ နဲ့ ပရီးမိးယားလိဂ်မှာ ရှုံးနိမ့် ခဲ့သလို




မန်ချက်စတာ ယူနိုက်တက် ကိုလည်း အခုလို ရှုံးနိမ့် ခဲ့ရတာကြောင့် အခြေအနေက အဆိုးဆုံးကို ဦးတည်နေ တယ်လို့တောင် ဆိုနိုင်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ကတော့ ၁၀ ပွဲမှာ ၉ ပွဲ အနိုင် ရထားတယ် ဆိုတဲ့ စံချိန်ကို ကိုင်ဆုပ်ထားပြီး  အဲဗာတန် ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။




ခံစစ် အတွင်းလူ နေရာမှာ ဗာရန်း ကို လုခ်ရှော နဲ့ တွဲဖက် ပွဲထုတ်ခဲ့ပြီး မာတီနက်ဇ် မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် တို့ကို အရန်ခုန်မှာ ထိုင်ခိုင်း ထားခဲ့ပါတယ်၊ ဒါပေမယ့်  မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲထွက် လူစာရင်းက တောင့်တင်းကြောင်း အဲရစ် တန်ဟက်ဂ် က လမ်းပတ်ကို လျှော့တွက်ခြင်း မရှိကြောင်း

မီဒီယာတွေက သုံးသပ် ဖော်ပြ ကြပါတယ်၊ ပွဲအစ သုံးမိနစ်မှာ အဲဗာတန် ကစားသမား သုံးယောက် ကြားက ဘောလုံး ရသွားတဲ့ မာစီရယ် က ရပ်ရှ်ဖို့ဒ် ဆီကို ဘောလုံးပေး ပို့ခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ် က အဲဗာတန် ခံစစ်မှူး ဂေါ့ဒ်ဖရေး ကို ဖြတ်ကျော်ပြီး ဘောလုံးကို အနေတော် ပေးပို့ခဲ့ကာ




အန်တိုနီ က ပြေးဝင် ပိတ်ပြီး ပထမဆုံး ဂိုးကို မန်ချက်စတာ ယူနိုက်တက် တို့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်၊ ပထမပိုင်း ၁၄ မိနစ်မှာတော့ ဒီဂီယာ အတွက် မေ့ပစ် ချင်လောက်တဲ့ ဂိုး တစ်ဂိုးကို အဲဗာတန် က သွင်းယူ ခဲ့ပါတယ်၊ ဒီဂီယာ ကို ထိပြီး ရသွားတဲ့ ထောင့်ကန် ဘောကို ဂရေး က ကန်တင်ပါတယ်။




အဲဒီ ဘောလုံးကို အိုနာနာ က ယူပြီး မော်ပေးဆီ ပေးပါတယ်၊ မော်ပေး က ဖြတ်တင်လိုက်တာမှာ ဒီဂီယာ ရဲ့ ခြေထောက်ထဲ ကနေ ဘောလုံး ထွက်သွားပြီး အဲဒီ ဘောလုံးကို ကုဒ်ဒီ က အသာ ပိတ်သွင်း ယူလိုက်တာပဲ ဖြစ်ပါတယ်၊ ဒီလိုနဲ့ ပထမပိုင်း ၁၄ မိနစ်မှာ အဲဗာတန် က ချေပဂိုး ရရှိ ခဲ့ပါတယ်။

မန်ချက်စတာ ယူနိိုက်တက် အတွက် ပွဲကစားချိန် ၄၀၃ မိနစ်မှာ ပထမဆုံး ဂိုးပေး လိုက်ရခြင်း အဖြစ်လည်း မှတ်တမ်း ဝင်သွား ပါတယ်။း၊ အဲဗာတန် က နောက်ပိုင်း ကစားပုံ ပိုမို တက်ကြွလာပြီး အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းက ပထမပိုင်း အပြီးထိ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး၊ မာစီရယ် နဲ့ အဲရစ်ဆင် တို့




ဂိုးသွင်းဖို့ နီးစပ် ခဲ့ပေမယ့် ဂိုး မရရှိခဲ့ပါဘူး၊ ဒုတိယပိုင်း ပြန်စပြီး မကြာမီမှာတော့ အဲဗာတန် ဘက်က ကွင်းလယ်လူ အီဝိုဘီ က မာလာစီယာ နဲ့ ထိမိပြီး ဒဏ်ရာ ရရှိ ခဲ့ပါတယ်၊ သူ ဒဏ်ရာရပြီး မကြာမီမှာပဲ မန်ချက်စတာ ယူနိုက်တက် က တစ်ဂိုး ရရှိ ခဲ့ပါတယ်၊ ရှော ပေးတဲ့ ဘောလုံးကို ရသွားတဲ့ ရပ်ရှ်ဖို့ဒ် က

ပြိုင်ဘက် ဂိုး ဧရိယာထဲကို ဖြတ်တင်ဘော ကန်တင်ရာမှာ အဲဗာတန် ခံစစ်မှူး ကုဒ်ဒီ က ဝင်ဖျက်ရင်းနဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပဲ ဖြစ်ပါတယ်၊ ကုဒ်ဒီ လည်း အဲဗာတန် အတွက် ချေပဂိုး သွင်းပေးသူ သူရဲကောင်း ဘဝကနေ လူကြမ်း ဘဝကို ချက်ချင်းပဲ ပြောင်းလဲသွား တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နာကျင် အချိန်ပိုမှာတော့ ဂေါ့ဒ်ဖရေး က ဂါနေချို ကို ပင်နယ်တီ ဧရိယာထဲမှာ လဲကျအောင် လုပ်တယ် ဆိုပြီး ပင်နယ်တီ ရရှိခဲ့ပါတယ်၊ အဲဒီ ပင်နယ်တီကို တစ်ပွဲလုံး ခြေစွမ်းပြနေသူ ရပ်ရှ်ဖို့ဒ် က အမှားအယွင်း မရှိ ကန်သွင်းယူပြီး မန်ချက်စတာ ယူနိုက်တက် အသင်း တတိယဂိုး ရသွားခဲ့ပြီး ၃-၁ နဲ့ ပွဲပြီးသွားခဲ့ပါတယ်။

credit