ရပ်တန့်လို့ မရတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် အနေနဲ့ ဆုဖလားတွေ ယူပေးရမယ်လို့ ထုတ်ပြောလိုက်တဲ့ ရိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ရိုင်ကိန်း က ယနေ့ နံနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အဲဗာတန် ရဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာ ခြေစွမ်းကောင်း ပြသခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် က ရပ်တန့်လို့ မရတဲ့




တိုက်စစ်မှူး ဖြစ်နေပြီလို့ ချီးကျူး သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အဲဗာတန် ကို ဧည့်ခံ ကစားခဲ့ရပြီး အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်၊ အန်တိုနီ တိုက်စစ် အတွဲက




အဲဗာတန် အသင်းကို တရစပ် ဖိအားပေး ကစားခဲ့ပြီး အထူးသဖြင့် ဘယ်ခြမ်း တိုက်စစ်ကို ဦးဆောင်တဲ့ ရပ်ရှ်ဖို့ဒ် ဟာ နိုင်ပွဲ အတွက် အဓိက ကျသူ တယောက် ဖြစ်ခဲ့ပြီး အဖွင့်ဂိုး ရဖို့ အန်တိုနီ ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်၊ အဲဗာတန် နောက်ခံလူ ကိုဒီ ရဲ့




လက်ဆောင် သွင်းဂိုး ကလည်း သူ့ရဲ့ ဖြတ်တင်ဘော ကနေ ရခဲ့တာ ဖြစ်ပြီး အသင်းအတွက် အပိတ်ဂိုး ကိုလည်း သူက ပင်နယ်တီ ကနေ တဆင့် သွင်းယူ ပေးခဲ့ပါတယ်၊ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ၃-၁ အဲဗာတန် ပွဲစဥ် အပြီးမှာ




ဘောလုံးရေးရာ ကျွမ်းကျင်သူ တွေက ရပ်ရှ်ဖို့ဒ် ရဲ့ ခြေစွမ်းကို ချီးကျူး နေကြပြီး ရိုင်ကိန်း က အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ရပ်ရ်ှဖို့ဒ် ကို အခုလို ခြေစွမ်းကောင်းတွေ ရလာမယ် ဆိုတာ ကြိုသိခဲ့ ကြောင်း ရပ်ရှ်ဖို့ဒ် က ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေကြောင်း




ပြောကြားခဲ့ပါတယ်၊ ရိုင်ကိန်း က ရပ်ရှ်ဖို့ဒ် ရဲ့ သေသပ်တဲ့ ကစားပုံကို မြင်တွေ့ဖို့ အတွက် မျှော်လင့်ထားတာ မျှော်လင့်တဲ့ အတိုင်း ရပ်ရှ်ဖို့ဒ် အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားပြ နိုင်ခဲ့ပါတယ်၊ ကျွန်တော် သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး မအံ့ဩမိပါဘူး။




သူ မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမားထဲက တဦး ဖြစ်လာပါပြီ၊ သူ ဆုဖလားတွေ ရယူပေး နိုင်မလား ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဖြေရရင် သူ့မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဆုဖလားတွေ ရယူ ပေးရမယ့် တာဝန်တွေ ရှိနေပြီလို့ပဲ ပြောချင်ပါတယ်။

ဒီညမှာ သူက သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ရခဲ့ပါတယ်၊ ကျွန်တော် ရပ်ရှ်ဖို့ဒ်ဆီ က ဒီလို စွမ်းဆောင်ရည်ကို အပတ်တိုင်း မြင်ရဖို့ မျှော်လင့်နေမိပြီ၊ သူက ယုံကြည်မှု အပြည့်နဲ့ ကစားနေတာပါ၊ သူက ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့ ပြောရင် မှားမယ် မထင်ပါဘူး။ လို့ ချီးကျူး သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit