အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေတဲ့ ကြယ်ပွင့်ဟောင်းကို ပြန်လည် ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အစီအစဉ် ရှိနေ

ဘာစီလိုနာ တိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်း က ယခု ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ သူရဲ့ ကလပ် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွေ့ဖို့ နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိ နေတယ်လို့ သိရပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လက်တွဲ ဖြုတ်ပြီးနောက် တိုက်စစ် အတွက် ကစားသမား တစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေပြီး တိုက်စစ် ကစားသမား တော်တော် များများ နဲ့လည်း သတင်းထွက် ခဲ့ပါတယ်။




သတင်းထွက်နေတဲ့ ကစားသမား တွေထဲမှာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဒီပိုင်း လည်း ပါဝင်လာခဲ့ပြီး ဒီနှစ် ဘောလုံး ရာသီအတွင်း ဘာစီလိုနာ အသင်းမှာ ပွဲ ကစားခွင့် အနည်းငယ်သာ ရရှိထားပြီး လာမယ့် နွေမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့်




ဒီလို ​​အခြေအနေမှာ ဒီပိုင်းကို အခွင့်ကောင်း ယူပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း ပြန်လည် ခေါ်ယူချင် နေ‌ကြောင်း သိရပြီး တိုက်စစ်ပိုင်း အတွက် ကစားသမား များစွာ ပစ်မှတ် ထားနေပေ မယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲ တွေကြောင့်




အငှား ခေါ်ယူမှုနဲ့သာ ကမ်းလှမ်းရ နိုင်မယ့် အခြေအနေမျိုး ဖြစ်နေပါတယ်၊ လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသလက်တီကို မက်ဒရစ် တိုက်စစ် ကစားသမား ဂျာအို ဖေးလစ်၊ ကစားသမားဟောင်း မန်ဖစ် ဒီပိုင်း နဲ့ အယ်လ်နာဆာ အသင်းရဲ့




ကင်မရွန်း တိုက်စစ်မှူး အဘူ ဘာကာ တို့ထဲက တစ်ဦးကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေရာ ဒီပိုင်း ကတော့ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ ဆန္ဒ အရှိဆုံး ကစားသမား ဖြစ်နေပါတယ်၊ ၂၈ နှစ်အရွယ် တိုက်စစ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် မှာ




၂၀၁၅/၂၀၁၆ ဘောလုံးရာသီ နဲ့ ၂၀၁၆/၂၀၁၇ ရာသီရဲ့ ရာသီ အစပိုင်းတွေကို ဖြတ်သန်း ခဲ့ဖူးပြီး ပွဲပေါင်း ၅၃ ပွဲ ကစား ၇ ဂိုး သွင်းယူထား နိုင်ခဲ့ပါတယ်၊ ဒီနောက်မှာ လိုင်ယွန် အသင်းဆီ ပြောင်းရွှေ့ ခဲ့တော့ပြီး ၅ နှစ် အကြာမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

credit