မငြင်းနိုင်မယ့် ငွေကြေးနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို ခေါ်ယူသွားမယ်ဟု ဆို

စပါး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေပြီး မငြင်းနိုင်မယ့် ငွေကြေး ပမာဏ တရပ်နဲ့ အရ ခေါ်ယူရန် အစီအစဉ် ဆွဲနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ် အချို့က ဆိုပါတယ်။




စပါး အသင်းဟာ ယခု ဆောင်းဈေးကွက်မှာ အသင်းရဲ့ ဗဟိုခံစစ် နဲ့ ညာနောက်ခံ နေရာကို အားဖြည့်ဖို့ စဉ်းစားနေတဲ့ အသင်း ဖြစ်ပြီး ညာနောက်ခံ နေရာ အတွက် စပို့တင်း လစ္စဘွန်း က ညာနောက်ခံလူ ပေါ်ရိုကို ချိတ်ဆက်ထားပြီး ဗဟိုခံစစ် နေရာ အတွက်တော့




ဟယ်ရီ မက်ဂွိုင်းယား ကို နံပတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်၊ တဘက်မှာ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နောက်ခံလူ ဖြစ်ပြီး




အသင်းခေါင်းဆောင် ရာထူး ကိုပါ ရရှိ ထားပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်တာ‌ကြောင့် အသင်းပြောင်းဖို့ အလားအလာ ရှိနေသူလည်း ဖြစ်ပါတယ်၊ မက်ဂွိုင်းယား ဟာ ယခုနှစ် ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက်




ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင် ကစားထား ရပြီး အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် က ဗာရန်း နဲ့ မာတီနက်ဇ် ဗဟိုခံစစ် အတွဲကိုသာ အဓိက ခံစစ်အတွဲ အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်၊ မက်ဂွိုင်းယား အနေနဲ့ မန်ချက်စဝာာ ယူနိုက်တက် မှာ




အရင်လို ပုံမှန် ပွဲထွက်ခွင့် ပြန်ရဖို့ ရုန်းကန်ရ နိုင်ပြီး ဂန္တဝင် ခံစစ်မှူး ဖာဒီနန် အပါအဝင် သုံးသပ်သူ တွေက မက်ဂွိုင်းယား ကို မန်ချက်စတာ ယူနိုက်တက် မှ ထွက်ခွာကာ အသင်းသစ် ရှာဖွေဖို့ တိုက်တွန်း မှုတွေလည်း ရှိနေပါတယ်။ နာမည်ကြီး သတင်းဌာန Football London ရဲ့ ဖော်ပြချက် အရ




စပါး အသင်းဟာ ဗဟိုခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ စဉ်းစားထားပြီး အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် ထည့်သွင်းထားပြီး များပြားတဲ့ ပမာဏ နဲ့ စပါး ခံစစ်မှူးသစ် ဖြစ်လာဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

credit