ဂိုးသွင်းဖို့ ပြင်းပြလွန်းတဲ့ ရပ်ရှ်ဖို့ဒ်ကို သူတောင် ရပ်တန့်မရဘူးလို့ အဲရစ် တန်ဟက်ဂ် ထုတ်ပြော

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ Erik Ten Hag က နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် ၅ ပွဲမှာ ပွဲတိုင်း တစ်ဂိုးစီ သွင်းယူခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ရပ်တန့်လို့ မရနိုင်အောင် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




Manchester United ဟာ FA ဖလား Round (3) ပွဲစဥ် အဖြစ် အဲဗာတန် နဲ့ ရင်ဆိုင်ခဲ့ရပြီး 3-1 နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူပြီး Round (4) အဆင့်ကို တက်ရောက် ခဲ့ပါတယ်၊ ဒီပွဲမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် က အဖွင့်ဂိုး ဖန်တီးပေး ခဲ့သလို ကွာဒီ ရဲ့ (own) ဂိုး ကိုလည်း ရရှိစေခဲ့ပါတယ်။




ဒါ့အပြင် အနိုင် သေချာ‌စေမယ့် နောက်ဆုံး ဂိုးကိုလည်း သွင်းယူခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဟာ ကမ္ဘာ့ဖလား အပြီး အသင်းအတွက် ၅ ပွဲ ကစားပြီး ၅ ပွဲလုံး တစ်ဂိုးစီ သွင်းယူခဲ့တာပါ၊ အခြားတဘက်မှာ သူက ဒီရာသီ ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးထား ခဲ့ပါတယ်။




ဒါကြောင့်လည်း Erik Ten Hag က သူ့ရဲ့ ကစားသမား ဟာ ရပ်တန့်လို့ မရတော့ကြောင်း အကြောင်းအရင်း က စိတ်ဓါတ်ပိုင်း တည်ငြိမ်လာလို့ ဖြစ်ကြောင်း ထုတ်ပြောလိုက်တာပါ။ Erik Ten Hag က- အသင်းဆီက နောက်တစ်ကြိမ် ခမ်းနားတဲ့ စွမ်းဆောင်ရည်ကို




မြင်တွေ့ခဲ့ရတယ်၊ သူက စတင်တည််းက အကောင်းဆုံး ကစားခဲ့တယ်၊ အသင််းအဖွဲ့ တစ်ခု အနေနဲ့ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အခိုက််အတန့်တွေကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်၊ အသင်းမှာ မားကပ်စ် က ယုံကြည််ရတဲ့ ကစားသမား တစ််ယောက် ဖြစ်နေပါပြီ၊ သူ ဂိုးတွေ




သွင်းယူဖို့ ယုံကြည်ချက် ပြည့်ဝနေတယ်၊ ပြိုင်ဘက် ခံစစ်ကို အကြိမ်ကြိမ် မွှေနှောက်တယ်၊ တိုက််စစ်မှူး တစ်ယောက်ကို လူတွေက သွင်းဂိုး၊ ဖန်တီးမှု တို့နဲ့ အကဲဖြတ် ကြတယ်၊ သူ လုပ်ပြနိုင်ခဲ့တယ်၊ အံ့ဖွယ်ပါပဲ၊ ဒီလို အချိန်မှာ သူ့ကို ကျွန်တော်တောင် ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit