မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ ဘက်ဆစ်တက် အတွက် ဂိုးသွင်းပြီးနောက် အသင်း ပရိတ်သတ်တွေ နှုတ်ဆက်ခဲ့တဲ့ နယ်သာလန် ကြယ်ပွင့်

ယခု ဆောင်းဈေးကွက် အတွင်း တိုက်စစ် ကစားသမား တစ်ဦးကို ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ တူရကီ ကလပ် ဘက်ဆစ်တက် အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ဘန်လေ တိုက်စစ် ကစားသမား ဗက်ဟို့စ် ကို




ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူပြီး အဲ့ဒီ အငှား စာချုပ်ထဲမှာလည်း ပေါင် ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ ပါရှိထားတယ်လို့ သိရပါတယ်၊ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှစ်ဦး သဘောတူ လက်တွဲဖြုတ်ပြီး နောက်ပိုင်းတည်းက တိုက်စစ်ပိုင်း အတွက်




ကစားသမား ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျာအို ဖိလစ်၊ အဘူဘာကာ တို့ အပြင် ကစားသမားဟောင်း မန်ဖစ် ဒီပိုင်း တို့နဲ့ပါ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ယခုလည်း ဘန်လေ အသင်းမှာ




ခြေစွမ်း ပြဖို့ ရုန်းကန်ရရင်းနဲ့ လက်ရှိ ဘက်ဆစ်တက် အသင်းမှာ အငှား ကစားနေသူ ဗက်ဟို့စ် နဲ့ပါ သတင်းတွေ ထွက်ပေါ်လာ ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းက အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဝုလ်ဖ်ဘတ် ကစားသမားဟောင်း




ဗက်ဟို့စ် ကို ဘန်လေ ကနေ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ် ထားခဲ့တယ်လို့ နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနို က ဖော်ပြထားပြီး ကစားသမား ကိုယ်တိုင်ကလည်း




နယ်သာလန် လူမျိုး ဘောလုံး နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ လက်တွဲဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ ချင်နေတယ်လို့လည်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဗက်ဟို့စ် ကို ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ




အငှားနဲ့ ခေါ်ယူပြီး အငှား သက်တမ်း ပြည့်သွားချိန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူ ဖို့ကိုပါ ထည့်သွင်း ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အတွက် ဘန်လေ နဲ့ လက်ရှိ ဗက်ဟို့စ် အငှား နဲ့ ပါဝင်နေတဲ့ ဘက်ဆက်တစ် အသင်းတို့မှာသာ

မူတည်တော့တယ်လို့ သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း အသင်း တိုက်စစ် အတွက် ဗက်ဟို့စ် လို အမြင့်ဘော ကောင်းတဲ့ ကစားသမားမျိုးကို လိုအပ်နေတဲ့ အပြင် ဗက်ဟို့စ် ကိုယ်တိုင်ကလည်း မနေ့ညက တူရကီလိဂ်ပွဲ အတွင်း

ဘက်ဆစ်တက် အတွင်း ဂိုးသွင်း ယူပြီးတဲ့ နောက် အောင်ပွဲခံ နေရင်းနဲ့ အသင်း ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ ပုံစံပါ ပြုလုပ်သွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက် နဲ့ ဗက်ဟို့စ် တို့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ အလွန် နီးစပ်လာနေပြီလို့ သုံးသပ် နေကြပါတယ်။

credit