ချန်ပီယံလိဂ် ဆု အတွက် အာဆင်နယ် ထက် အခြား နှစ်သင်းပဲ ကျော်ဖြတ်ဖို့ လိုကြောင်း ရှင်းပြလာတဲ့ Ten Hag

United နည်းပြ Erik Ten Hag က ချန်ပီယံဆု အတွက် အဓိက ကျော်ဖြတ်ရမယ့် နှစ်သင်းက Manchester City နဲ့ Liverpool ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ Arsenal ဟာ ဒီနှစ်မှာ အမြင့်ပျံသန်း နေပြီး




ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယ နေရာက ချန်ပီယံ မန်စီးတီး ကို ၅ မှတ် ဖြတ်ထားပါတယ်။ မန်စီးတီးဟာ နောက်ပိုင်း နှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မကြာခဏ ရယူနေတဲ့




အသင်းဖြစ်ပြီး နောက်ဆုံး ငါးရာသီမှာ လေးကြိမ်ထိ ချန်ပီယံ ဖြစ်ထားပါတယ်။ လီဗာပူး ကလည်း ဒီရာသီမှာ ရလဒ် သိပ်မကောင်း ပေမယ့် ပြီးခဲ့တဲ့ နှစ်က မန်စီးတီးရဲ့ အဓိက ချန်ပီယံ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။




ယခုတော့ Erik Ten Hag က ချန်ပီယံဆု နဲ့ ပတ်သက်ပြီး ရာသီ အစက ရလဒ်ဆိုး ကြုံခဲ့ရပေမယ့် အခုချိန်မှာ ဒီအဆင့် ရောက်နေတာ ကျေနပ်သင့်တယ်လို့ မြင်ပါတယ်၊ ကျနော်တို့ အသင်းက မန်စီးတီး နဲ့ ယှဉ်ပြိုင်နိုင်တဲ့




အနေအထား မရှိသေးပါဘူး။ မန်စီးတီး က ကျနော်တို့ ထက် မြင့်တဲ့ အဆင့်နေရာမှာပဲ ရှိနေသေးတယ်။ မန်စီးတီး နဲ့ လီဗာပူး နှစ်သင်းက အင်္ဂလန်မှာ အနိုင်ယူ ကျော်ဖြတ်ဖို့ အခက်ခဲဆုံး နှစ်သင်းပါ။ အာဆင်နယ် ကလည်း




စူပါ ရာသီကို ပိုင်ဆိုင်ထားပြီး အမှတ်ပေး ဇယားမှာ အခြားအသင်း တွေထက် အပြတ် အသာရ နေပါတယ်။ ကျနော်တို့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ချဲလ်ဆီး၊ နယူးကာဆယ်၊ စပါး နဲ့ ယှဉ်ပြိုင် ရမှာပါ။




ဒါကြောင့် ပြိုင်ဆိုင်မှု က ကြီးမားပါတယ်။ ကျနော်တို့ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ် ကစားဖို့ပါ၊ ဒါကို လုပ်နိုင်ခဲ့ရင် ကျနော်တို့ အတွက် ချန်ပီယံဆုကြီး ရသွားသလိုပါပဲ။ လို့ ပြောကြားသွားခဲ့ပါတယ်။

credit