ပွဲတိုင်း မာရှယ်ကို လူစားလဲရတဲ့ မေးခွန်းထုတ်မှု အပေါ် ဖြေရှင်းချက် ပေးလာတဲ့ Erik Ten Hag

Manchester United နည်းပြ Erik Ten Hag က ၃ ရက် တစ်ပွဲ ကစား နေရချိန်မှာ မာရှယ် က မိနစ် ၉၀ ပြည့် ကစားနိုင်စွမ်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။ မာရှယ် ဟာ နောက်ဆုံး ကစားခဲ့ကြတဲ့ ပွဲစဥ် ၇ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိပေမယ့် ပွဲတိုင်း လူစားလဲ ခံခဲ့ရပါတယ်။




ဒီလို လုပ်ဆောင် ရတာက တစ်ဦးတည်းသော တိုက််စစ်မှူးကို ကာကွယ်ဖို့ ဖြစ်ပြီး လက်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှာ အထောင် တိုက်စစ်မှူး ကစားပေးနိုင်စွမ်း ရှိသူဆိုလို့ မာရှယ် တစ်ဦးသာ ရှိတာကြောင့် ဖြစ်ပြီး အကယ််လို့ ဒဏ်ရာ ရရှိသွားခဲ့ရင်




အသင်း အနေနဲ့ အခက််တွေ့ သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Erik Ten Hag က ဒီရာသီ ဒဏ်ရာ ပြသနာ မကြာခန ကြုံတွေ့နေတဲ့ တိုက်စစ်မှူးကို အကာအကွယ် ပေးနိုင်ဖို့ လူစားလဲမှု လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်၊ Erik Ten Hag က-




မာရှယ် ကို လူစားလဲတယ် ဆိုတာ အကြောင်းပြချက် ရှိလို့ပါ သူ ပွဲအများကြီး ကစားဖို့ မတတ်နိုင်ပါဘူး၊ ဒါကြောင့် တိုက်စစ်မှူးသစ် ရှာဖွေနေတာလေ၊ ဒီလို လုပ်ရတာ မယုံကြည်လို့ မဟုတ်ပါဘူး၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းတဲ့ အနေအထားမှာ မရှိသလို




သုံးရက် တစ်ခါ မိနစ် ၉၀ ပြည့် ကစားနိုင်စွမ်လည်း မရှိလို့ပါ၊ အဲ့တာကို ကိုင်တွယ်ရပါဦးမယ်၊ သူနဲ့ ပတ်သက်လို့ အတော်လေး ဂရုစိုက်ရပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်တို့ ပွဲစဥ်တွေ အတွက် အရေးပါသူ ဖြစ်နေလို့ပါပဲ၊ သူ့ရဲ့ လှုပ််ရှားမှုနဲ့ ဖိအားပေး နိုင်စွမ်းက အသင်းအတွက် လိုအပ်ပါတယ်။




တိုက်စစ်မှာ မာရှယ် နဲ့ ရပ်ရှ်ဖို့ဒ် က တောက်ပနေဖို့ လိုတယ်၊ ဒီကနေ ရပ်ရှ်ဖို့ဒ် လည်း အကျိုးအမြတ် ရရှိနေမှာပါ၊ ဒါပေမယ့် အသင်းအတွက် ရပ်ရှ်ဖို့ဒ် တစ်ဦးပဲ ဂိုးတွေ ဒိုင်ခံ သွင်းနေမှာကိုလည်း စိုးရိမ်မိတယ်။ လို့ ရှင်းပြခဲ့ တာပဲ ဖြစ်ပါတယ်။

credit