မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်နေတဲ့ ကြယ်ပွင့်ကို မခေါ်ယူသင့်ဟု ပက်ထရစ် အီဗရာ တားမြစ်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီစပ်နေတဲ့ ဂျာအို ဖိလစ် က မန်ချက်စတာ ယူနိုက်တက် အတွက် တကယ် လိုအပ်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ပက်ထရစ် အီဗရာ က မှတ်ချက်ပြု တားမြစ်လိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ရော်နယ်ဒိုကို စာချုပ် ဖျက်သိမ်းပြီး အသင်းက ထွက်ခွာခွင့် ပြုပြီးနောက် ဈေးကွက်အတွင်း ကစားသမား အများအပြားနဲ့ သတင်းထွက်လာခဲ့ပြီး ဂျာအို ဖိလစ် က အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။




ဖိလစ် ဟာ ဒီနှစ် ဘောလုံး ရာသီအတွင်းမှာ အသလက်တီကို နည်းပြ ဆီမြွန်နီ နဲ့ အဆင်မပြေ ဖြစ်နေပြီး ပွဲ ကစားခွင့် အကန့်အသတ် ဖြစ်နေတာကြောင့် အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်၊ ဒီလို ကမ်းလှမ်းမှုနဲ့ ပတ်သတ်ပြီး အီဗရာ က




ကျွန်တော်တို့မှာ မာရှယ်၊ ရပ်ရှ်ဖို့ဒ်၊ ဂနာချို တို့နဲ့ ကစားနိုင်တယ် ဆိုပေမယ့် ဂိုးမုဆိုး တစ်ဦးလို တိုက်စစ်မှူးကို လိုအပ်တာပါ၊ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေ စွမ်းဆောင်ရည် ကောင်းတာ ကျွန်တော် ဂရုမစိုက်ဘူး။




ကျွန်တော်က သူတို့တွေ ဂိုးသွင်းတာကို လိုချင်တာပါ။ ဒါကြောင့် လက်ရှိ ဂျာအို ဖိလစ် က မန်ချက်စတာ ယူနိုက်တက် အတွက် သင့်တော်တဲ့ ကစားသမားမျိုး ဖြစ်နေမယ်လို့ မထင်မိပါဘူး၊ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် ကို ကစားပုံ လှပနေတာမျိုး မလုပ်စေချင်ဘူး။




ဖိလစ် လို ကစားသမားမျိုးနဲ့ ဆိုရင် ကစားပုံ ဘယ်လောက် လှသွားလိုက်မလဲ ပြောနေကြတယ်။ အဓိပ္ပာယ် မရှိပါဘူး၊ အခုက အဲ့ဒီလို ကစားသမားမျိုး လိုအပ်နေတာ မဟုတ်ဘူး၊ လိုအပ်တာ သွင်းဂိုးတွေ သွင်းယူပေးမယ့် ကစားသမားမျိုး ဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit