ဘာပေနဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အခြေနေတရပ်ကို ဖွင့်ပြောလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပုံစံ ကြည့်ရင် ရုပ်တည်ကြီးနဲ့ လေးလေး နက်နက် ရှိမယ် ထင်ရပေမယ့်လည်း တော်တော်လေး ဟာသ လုပ်တတ်တဲ့ သူလည်း ဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။




ပရိသတ် တစ်ဦးက မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဂျုဒ် ဘယ်လင်ဟမ် နဲ့ ခီလီယန် အမ်ဘာပေ ကို ခေါ်ယူနိုင်ခြေ နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အချိန်မှာ အဲရစ် တန်ဟက်ဂ် ယခုလို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။




ကျွန်တော် သူ့ကို ခေါ်ချင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားမှာ ကျွန်တော့် အတွက် ပိုက်ဆံလေး ဘာလေးများ ရှိလား လို့ အဲရစ် တန်ဟက်ဂ် က ဟာသဖောက် ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်၊ အမ်ဘာပေ နဲ့ ဘယ်လင်ဟမ် က အသင်းတိုင်းက လိုချင်နေတဲ့




ကစားသမားတွေလည်း ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အပြောင်းအရွှေ့ ကောလာဟလ တွေကို အဆုံးသတ်ခဲ့တာ ဖြစ်ပြီး ဘယ်လင်ဟမ် ကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ




ထိပ်တန်း အဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး နောက်ပိုင်း ဥရောပ ထိပ်တန်း ကလပ်အသင်း အများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခြင်းကို ခံနေရတာ ဖြစ်ပါတယ်၊ ၁၉ နှစ်အရွယ် အင်္ဂလန် ကွင်းလယ် ကစားသမားဟာ လက်ရှိ ကမ္ဘာ့ဘောလုံး လောကမှာ




တန်ဖိုး အရှိဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်နေသူ ဖြစ်ပြီး CIES က ၎င်းရဲ့ ခန့်မှန်းခြေ အရ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၈၃.၉ သန်း ဝန်းကျင် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်၊ အမ်ဘာပေ ကတော့ ခန့်မှန်း ပြောင်းရွှေ့ကြေး ပေါင် ၁၆၈.၅ သန်းနဲ့ တတိယ နေရာမှာ ရပ်တည်နေပြီး




မန်စီးတီး ကြယ်ပွင့် ဖီးလ် ဖိုဒန် က ပေါင် ၁၇၇.၁ သန်း နဲ့ ဒုတိယ၊ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗင်နီးရှပ်စ် က ပေါင် ၁၆၈.၃ သန်း၊ ဟာလန်းက ပေါင် ၁၅၄.၅ သန်းနဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ထိပ်ဆုံး ၅ ဦးထဲမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

credit