မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ်သစ် ဖြစ်လာတဲ့ အင်တာ ကြယ်တစ်ပွင့်

ဆောင်းဈေးကွက် အတွင်း တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မန်စီးတီး ကစားသမားဟောင်း ဒီဇီကို ကို shortlist ထဲ ထည့်သွင်းခဲ့ကြောင်း အီတလီ အခြေစိုက် မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ က ခရစ္စတီယာ နိုရော်နယ်ဒို နဲ့




နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ မာစီယဲလ် တို့ ရှိပေမယ့် ဒီ ကစားသမား နှစ်ဦးက အထောင်တိုက်စစ် နေရာထက် တောင်ပံတိုက်စစ် နေရာမှာ ပိုမို လိုက်ပါ ကစားတတ်သူတွေ ဖြစ်တာကြောင့် ဈေးကွက် မပိတ်သိမ်းခင်




အမှီ နံပါတ် ၉ နေရာ အတွက် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပိုင်း၊ အဘူဘာကာ၊ ဗက်ဟို့စ် အပြင် အင်တာမီလန် ရဲ့ ဝါရင့် ကစားသမားကြီး ဒီဇီကို ကိုပါ အဓိက ပစ်မှတ်ထဲ ထည့်သွင်း လာခဲ့တာပါ။




၃၆ အရွယ် ဒီဇီကို ဟာ မန်စီးတီးမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး မန်စီးတီး နဲ့လည်း ပရီးမီးယားလိဂ် ချန်ပီယံပါ ဖြစ်ခဲ့ဖူးပါတယ်၊ လက်ရှိမှာ အင်တာမီလန် တွက် ကစားပေးနေတဲ့ ဒီဇီကို ဟာ ယခုနှစ် နွေမှာပဲ အင်တာမီလန် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အင်တာမီလန် က ၎င်းကို သက်တမ်းတိုးဖို့




မစီစဉ် သေးတာကြောင့် ဒီ အခြေအနေကို အခွင့်အရေး ယူဖို့ ပြင်ဆင် နေတယ်လို့ Calcio Mercato က ဆိုပါတယ်၊ ကစားသမား ဘဝ နေဝင်ချိန်ကို ရောက်ရှိ နေပေမယ့် စီးရီးအေ ပွဲစဉ် ၁၇ ပွဲ အတွင်း ၇ ဂိုး သွင်းယူ ထားသလို ချန်ပီယံလိဂ် အုပ်စု အဆင့်မှာလည်း ၃ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်ပိုင်း အတွက် ၎င်းကို ရေတို စီမံကိန်း အနေနဲ့သာ အလိုရှိတာ ဖြစ်ပြီး နောက်ဆက်တွဲ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။




ဒါပေမယ့် လက်ရှိ အင်တာမှာ main player တစ်ဦး ဖြစ်နေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဖြစ်နိုင်ခြေ နည်းပါး နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ် ကို ပိုမို ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

credit