ESPN ရဲ့ အတည်ပြုချက် အရ စပါးတိုက်စစ်မှူးကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် မြင့်မားသော ပြောင်းရွှေ့ကြေးနှင့် အရ ခေါ်ယူသွားမည့် ဟုဆို

မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ကြီးမားတဲ့ အင်အား ဖြည့်တင်းမှု တရပ်ကို ပြုလုပ်ဖို့ စီစဉ်ထားပြီး ဟယ်ရီကိန်း ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ESPN သတင်းဌာနက ဖော်ပြသွား ခဲ့ပါတယ်။




Manchester United ဟာ ရော်ဘင် ဗန်ပါစီ နဲ့ ဝိန်း ရွန်းနီ တို့ကို လက်လွှတ် ခဲ့ရပြီးတဲ့ နောက် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မပိုင်ဆိုင်တော့ပဲ ရော်နယ်ဒို ကို ခေါ်ယူခဲ့ ပေမယ့် အသက် အရွယ်ကြောင့် ရေတို အစားထိုးမှု တရပ်သာ ဖြစ်ခဲ့ပါတယ်။




ဒါကြောင့် ရော်နယ်ဒို နဲ့ လမ်းခွဲခဲ့ ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အာရုံ စိုက်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ် အတွက် တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆောင်းဈေးကွက် အတွင်းမှာ




ငွေကြေး များများစားစား သုံးစွဲဖို့ ဆန္ဒ မရှိတာကြောင့် ရေတို အတွက် အသုံးဝင်မယ့် တိုက်စစ်မှူး တဦးကိုသာ ခေါ်ယူသွားမှာ ဖြစ်ပြီး လာမည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ တိုက်စစ်ပိုင်းမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။




ESPN သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ နွေဈေးကွက်မှာ တိုက်စစ်မှူးသစ် တဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန် နဲ့ အခြား တိုက်စစ်မှူးတွေကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး




ဟယ်ရီကိန်း က နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်၊ ၂၉ နှစ်အရွယ် ဟယ်ရီကိန်း ဟာ အင်္ဂလန် ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်သလို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အထောင် တိုက်စစ်မှူး ၅ ဦး စာရင်းထဲမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်၊ ဟယ်ရီကိန်း ဟာ




စပါးအသင်း နဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ တာကြောင့် လာမယ့် နွေဈေးကွက်မှာ စပါး ကို စွန့်ခွာဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက် က ဟယ်ရီကိန်း ကို ခေါ်နိုင်ဖို့ အတွက် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် နဲ့ အဓိက ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။

credit