ခြေစွမ်း ပြနိုင်ရက်နဲ့ ပွဲထွက်ခွင့် အနားပေး ထားတာကြောင့် Erik Ten Hag ရဲ့ မလေးစားမှု အောက်မှာ မနေဖို့ အသင်းပြောင်းရန် ကြယ်တစ်ပွင့်ကို ဖာဒီနန် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် က အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ လေးစားမှု ကင်းမဲ့မှုတွေ အောက်မှာ ဆက် မနေသင့် တော့ကြောင်း




အသင်းကနေ ချက်ချင်း ထွက်ခွာဖို့ တိုက်တွန်း သွားခဲ့ပါတယ်၊ ဖာဒီနန် ဟာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ တွေထဲက တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီး အသင်းမှာ ပွဲပေါင်း ၄၅၅ ပွဲ ကစားခဲ့ပြီး ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ကာလ အတွင်းမှာ




ရနိုင်သမျှ ဆုဖလား အားလုံးကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လ တည်းက ဖာဒီနန် က သူသာ ဟယ်ရီ မက်ဂွိုင်းယား ဆိုရင် သေချာပေါက် အသင်းသစ် တစ်သင်း ရှာဖွေမိမှာပါ ဆိုပြီး ပြောဆိုခဲ့တာပါ၊ အသက် ၄၄ နှစ်အရွယ် ကစားသမား ဟောင်းကြီးဟာ အခုလည်း ဇန်နဝါရီ အပြောင်းအရွှေ့ မှာတင်




ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ အသင်း ပြောင်းရွှေ့သင့်ကြောင်း ပြောဆိုခဲ့ ပြန်ပါတယ်၊ အဓိက အကြောင်းအရင်း ကတော့ လက်ရှိ ဗဟိုခံစစ် ကစားသမား လိုအပ် နေချိန်မှာတောင် နည်းပြက နောက်ခံ အစွန်လူ လုခ်ရှောကို ဗဟိုခံစစ် နေရာမှာပါ ပြောင်းလဲ ကစားခိုင်းတဲ့ အချက်ကို ထောက်ပြပြီး




အခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။း၊ Vibe With Five YouTube Channel နဲ့ စကား ပြောခန်းမှာ ဖာဒီနန် က ဟယ်ရီ မက်ဂွိုင်းယား အစား ဗဟိုခံစစ် နေရာမှာ လုခ်ရှော ကို ပြောင်းလဲ အသုံးပြု ခဲ့တယ်၊ အဲ့ဒါ ဘာနဲ့တူလဲ ဆိုတော့ ကမ္ဘာ့ဖလားမှာ ကျွန်တော် ခြေစွမ်း ပြနိုင်တယ်။




ကောင်းကောင်းလည်း ကစားနိုင်ခဲ့တယ်၊ လူတိုင်းကလည်း ကျွန်တော့်ကို ချီးကျူးတယ်၊ ဒါပေမယ့် ကလပ် အသင်းကို ပြန်ရောက်တော့ ကျွန်တော့် နေရာကို ပက်ထရစ် အီဗရာ က ဝင် ကစားနေသ လိုပါပဲ၊ ပက်ထရစ် ကို ပြောချင်တာ မဟုတ်ဘူး၊ သူသာ အကောင်းဆုံး မလုပ်နိုင်ရင်




ကျွန်တော် သူ့ကို ထရိန်နင်မှာ သမတော့မယ် ဆိုတာ ပက်ထရစ် ကလည်း ကောင်းကောင်း သိတယ်၊ ပြောချင်တာက တော့ မန်နေဂျာ ကိုပဲ၊ ကျွန်တော်သာ ဆိုရင် ခင်ဗျား ကျွန်တော့်ကို မျက်မုန်း ကျိုးနေတာလား? ဘော့စ်၊ ကျွန်တော့် အပေါ် ဘာလို့ လေးစားမှု မရှိရတာလဲ? လို့ ရုံးခန်း အထိ သွားမေးမိမှာပါ။




ဟယ်ရီ မက်ဂွိုင်းယား က အသင်းပြောင်းဖို့ လိုအပ်ပါတယ်၊ သူတို့မှာ ပွဲတွေ ကစားစရာ အများကြီး ရှိနေတော့ ထွက်ခိုင်းမှာတော့ မဟုတ်ပါဘူး၊ သူကလည်း ဆက်နေဖို့က များပါတယ်၊ အနည်းဆုံးတော့ ဖလားပွဲတွေ ကစားရင် ကစားရနိုင်တယ်၊ လို့ ပြောခဲ့ပါတယ်။




ဟယ်ရီ မက်ဂွိုင်းယား ဟာ အင်္ဂလန် အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်၊ ကမ္ဘာ့ဖလား တုန်းက စွမ်းဆောင်ရည်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း

ပြန်ပြီး နေရာ ရလောက်ပြီလို့ အားလုံးက ယူဆ နေကြပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် ကတော့ ရာဖေးလ် ဗာရန်း နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ လီဆန်ဒရို မာတီနက်ဇ် တို့ နှစ်ဦးကိုသာ အဓိက ဦးစားပေး အဖြစ် သတ်မှတ် အသုံးပြု နေခဲ့တာပဲ ဖြစ်ပါတယ်။

credit