မန်ချက်စတာ ယူနိုက်တက် နဲ့ သူ့ရဲ့ စာချုပ် ရေရှည် စီမံကိန်း ‌အကြောင်း ထုတ်ပြောလာတဲ့ ဒါလော့

မန်ချက်စတာ ယူနိုက်တက် ညာနောက်တန်း အစွန်မှာ ဆက်တိုက် ဆိုသလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဒါးလော့ က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း




တိုးနိုင်ရန် ဆွေးနွေးမှုတွေ လုပ်ဆောင်လျှက် ရှိပြီး ပရီမီးယားလိဂ် လို ခက်ခဲမှုတွေ ပြည့်နက်နေတဲ့ လိဂ်မျိုးမှာ ကစားရတဲ့ အပေါ် နှစ်သက်ကြောင်း ထုတ်ဖော် ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းက




ဒါလော့ ကို ချုပ်ဆိုထားတဲ့ စာချူပ်ပါ အချက်အလက် အတိုင်း ရာသီ အကုန်မှာ ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိစေမယ့် ၁ နှစ် သက်တမ်း တိုးမြှင့် ချုပ်ဆိုထားခဲ့ပြီး ဖြစ်သလို ကာလရှည် စာချုပ် အတွက်ပါ




ထပ်မံ ဆွေးနွေးနေတာ ဖြစ်ပါတယ်၊ ချုပ်ဆိုနိုင်ရန် အတွက် ဆွေးနွေးနေပြီ ဖြစ်တဲ့ စာချုပ်နဲ့ ပတ်သက်လို့ ဒါလော့က- ကျွန်တော်တို့ ကြားမှာ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေ ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့




ကျွန်တော့ ကြားမှာ နှစ်ဦး နှစ်ဖက် အကျိုးအမြတ် ဖြစ်ပေါ်စေဖို့ ဆွေးနွေး နေကြတာပါ၊ ဒီကိစ္စက လျှို့ဝှက် ထားနေဖို့ မလိုဘဲ ကျွန်တော် ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပျော်ရွှင်နေတာ ဖြစ်ပြီး




ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဆက်စောင့်ကြည့် ကြတာပေါ့၊ ဒီ အသင်းကို ချစ်သလို ဒီ အသင်း အတွက် ကစားပေးရ တာကိုလည်း ချစ်မြတ်နိုးတယ်၊ အခုချိန်မှာ ကျွန်တော်တို့ အသင်းက စုဖွဲ့မှု




ကောင်းကောင်းနဲ့ လမ်းကြောင်း မှန်ပေါ် ရောက်ရှိနေပါပြီ၊ ဒီ အသင်း အောင်မြင်ဖို့ အတွက် တတ်စွမ်းနိုင်သမျှ ကူညီ ကစားပေး သွားမှာပါ၊ ခင်ဗျား အနေနဲ့ ခက်ခဲမှုတွေ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ကြိုက်နှစ်သက်ရင် ပရီးမီးယားလိဂ် က

ကမ္ဘာ့ အကောင်းဆုံး လိဂ် ပြိုင်ပွဲကြီး တစ်ခုလို့ ဆိုလို့ ရပါမယ်၊ ဒါကြောင့် ဒီလိဂ်မှာ ကစားခွင့်ရတဲ့ အပေါ် ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ်။ လို့ ဒါလော့က ဖွင့်ဟ ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ်။

credit