အရာတခု ပျောက်ဆုံးခဲ့ပြီး အခြားအရာ တခုကို မတားစီးနိုင် ဖြစ်နေခဲ့တဲ့ မန်ချက်စဝာာ ယူနိုက်တက် 3-0 ချာလ်တန် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီကနေ့ နံနက် အိုးလ်ထရပ်ဖို့ဒ် မှာ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဥ် အဖြစ် ချာလ်တန် နဲ့ ရင်ဆိုင်ခဲ့ရပြီး 3-0 နဲ့ ဂိုးပြတ်် အနိုင် ရခဲ့ပြန်ပါတယ်။




ဒီ ပွဲစဥ်မှာ နည်းပြ Erik Ten Hag က ဝါရင့် ဂိုးသမား တွမ်ဟီတန် ကို ပွဲထုတ်ခဲ့ပြီး ခံစစ်ပိုင်းမှာ ဒါလော့၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ မာလာစီယာ၊ ကွင်းလယ် ခံစစ်မှာတော့ ဖရက်ဒ်၊ တွမ်မီနေး၊ တိုက်စစ်မှာတော့ အန်တိုနီ၊ မိုင်နူး၊ ဂါနာချို၊ အီလန်ဂါ တို့ကို ပွဲထုတ်ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသုံးပြု‌နေကြ အသင်းရဲ့ စူပါ ကစားသမား စာရင်းကို အနားပေးခဲ့ပြီး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ခဲ့ပေမယ့် အရှုံးကို မေ့ပျောက်ပြီး မှတ်ဉာဏ်ရဲ့ အဓိက နေရာမှာ အနိုင်ဆိုတဲ့ ရလဒ်တခုသာ အမြစ်တွယ် ရှင်သန် မျိုးပွားလာ နေခဲ့ပါတယ်။




ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဟာ လိဂ်ဝမ်း ကလပ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး 21 မိနစ်မှာ အန်တိုနီ ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်၊ ဒီနောက် ဒုတိယ ပိုင်းမှာ နည်းပြ Erik Ten Hag က ကတ်စမဲရိုး၊ အဲရစ်ဆင်၊ ရပ်ရှ်ဖို့ဒ် နဲ့ ပယ်လီစထရီ တို့ကို ထည့်သွင်းခဲ့ပြီး




ရပ်ရှ်ဖို့ဒ် က 90 နဲ့ 94 မိနစ်မှာ နောက်ကျဂိုးတွေ သွင်းပြီး အိမ်ကွင်းမှာ 8 ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကို ရယူသွား နိုင်ခဲ့ပါတယ်၊ ပွဲထွက် ကစားသမားတွေ ထက် လူစားဝင် ကစားသမားတွေက ပိုပြီး အကျိုးပြု ပေးနိုင်ခဲ့ကြပေမယ့် ဒါးလော့ ဒဏ်ရာ ရရှိခဲ့ပါတယ်။




တွမ်ဟီတန် 7- 36 နှစ်အရွယ် ဂိုးသမားဟာ ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အမြင့်ဘောတွေကို ဦးယူနိုင်ခဲ့ သလို clean sheet လည်း ရယူနိုင်ခဲ့ပါတယ်။

ဒါလော့ 6- အစောပိုင်း မိနစ်တွေမှာ အန်တိုနီနဲ့ ကောင်းစွာ ချိတ််ဆက် ကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒဏ်ရာ ရရှိခဲ့တဲ့ အတွက် 35 မိနစ်မှာ လူစားလဲခံ ခဲ့ရပါတယ်။

မက်ဂွိုင်းယား 6- ပထမပိုင်း အတွင်း ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ပြီး ပုံစံကောင်း ပြသခဲ့ပါတယ်၊ ဒုတိယပိုင်း မှာတော့ သိပ် မကောင်းပြ နိုင်ခဲ့ပါဘူး။

မာတီနက်ဇ် 6- အသင်း အတွက် ပြန်လည် ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ်မှာ အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် clean sheet နဲ့ နိုင်ခဲ့တာက ဟာလန်း နဲ့ မတွေ့ခင် ယုံကြည်မှုတွေကို တိုးပွားစေပါတယ်။




မာလာစီယာ 5- တိုက်စစ်ကို အတော်လေး လိုက်ပါနိုင်ခဲ့ပေမယ့် ဖြတ်တင်ဘောတွေ ညံ့ခဲ့ပြီး အားရစရာ မရှိခဲ့ပါဘူး၊ ရေသာမခိုပဲ ကြိုးကြိုးစားစား ကစာစလေ့ ရှိတာကြောင့် စစ်မှန်တဲ့ နေရာ တနေရာက အသင့် ရှိပြီး ဖြစ်ပါတယ်။

တွမ်မီနေး 5- ဘောလုံး ယှဥ်လုရာမှာ မကြာခန ဆုံးရှုံးခဲ့ ပါတယ်၊ ဒီထက် ပိုမို ကောင်းပြခဲ့သင့်ပြီး ပွဲထွက်ခွင့်ကို ကောင်းစွာ အသုံးမချခဲ့ဝာာက အိပ်မက်တွေရဲ့ အခြား ဝန်ရိုးစွန်း တဖက်မှာ အခြေချသွားရ နိုင်ပါတယ်။

ဖရက်ဒ် 8- ထူးကဲ ပြနိုင်ခဲ့ပါတယ်၊ အဖွင့်ဂိုး ဖန်တီးပေး နိုင်ခဲ့ပြီး မကြာခန တိုက်စစ်ဆင် ကစားပေးခဲ့ပါတယ်။




မိုင်နူး 6- မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် ကစားခွင့် ရရှိခဲ့တဲ့ လူငယ်လေးဟာ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး final third မှာ အကျိုးပြုမှု ပေးနိုင်ခဲ့ပါတယ်၊ အလားအလာ ရှိပြီး အမောက်ထောင်ပြဖို့ တာဆူနေတဲ့ နဂါးလေး တစ်ကောင် ဖြစ်ပါတယ်။

အန်တိုနီ 6- 5 ကြိမ်မြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး တကယ့်ကို ကောင်းမွန်တဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်၊ ဒီထက်် ပို ကောင်းပြခဲ့သင့် ပေမယ့် နောက်ပွဲတွေ အတွက် သိုသိပ်ထားခဲ့တယ်လို့ ယူဆရပါတယ်။

ဂါနာချို 6- ကစားတဲ့ ပုံစံ အထူး ကောင်းမွန်ခဲ့ပါတယ်၊ ဂိုးပေါက် ခြိမ်းခြောက်မှု နှစ်ကြိမ်၊ အခွင့်အရေး ဖန်တီးမှု တစ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်၊ သွင်းဂိုးတွေ နဲ့တော့ ပတ်သက်နိုင်ခြင်း မရှိခဲ့ပါဘူး။




အီလန်ဂါ 4- အညံ့ဆုံး ကစားသမား ဖြစ်ပါတယ်၊ ရှားရှားပါးပါး ပွဲထွက်ခွင့် ရတာကို အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်းမှာ ပျောက်ဆုံးနေမှု၊ လူကျွံမှုကြောင့် ဂိုးမရခြင်း ကြုံခဲ့ရပါတယ်၊ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ အသွားထက်တဲ့ ဓါးတစ်လက် ဖြစ်ဖို့ စောင်ရပါဦးမယ်။

လူစားဝင် ကစားသမားများ ဘစ်ဆာကာ 6၊ အဲရစ်ဆင် 7၊ ကတ်စမဲရိုး 7၊ ရပ်ရှ်ဖို့ဒ် 8၊ ပယ်လီစထရီ 7 တို့ ဖြစ်ပါတယ်။

credit