မန်ချက်စတာ ဒါဘီမှာ စူပါ ကြယ်ပွင့်ကို ထည့်သွင်း ကစားခွင့် ဆုံးရှုံးရတော့မည့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံ ကစားသမား ဒီယေဂို ဒါလော့ ဟာ မနေ့ညက အိုးလ်ထရက်ဖို့ဒ် မှာ လိဂ်ဝမ်း ကလပ် ချာလ်တန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွား ခဲ့တာကြောင့် မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို




ပါဝင်နိုင်ဖို့ မသေချာတော့ကြောင်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချာလ်တန် ကို ၃ ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ လိဂ်ဖလား ပွဲစဉ်မှာ အသင်းရဲ့ ညာခြမ်း ခံစစ်ပိုင်း အတွင်း ပေါ်တူဂီ ကြယ်ပွင့် ဒါလော့ ကို ပွဲထွက် ကစားစေခဲ့ပြီး




ပွဲ ကစားချိန် မိနစ် ၃၀ ကျော်မှာ ဒဏ်ရာ ရရှိသွား ခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ ဝမ် ဘစ်ဆာခါ နဲ့ လူစားလဲ ခဲ့ရပါတယ်၊ ဒါလော့ ရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်ခြင်း မရှိဘူးလို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ထုတ်ပြန် ခဲ့ပေမယ့် လာမဲ့ စနေနေ့မှာ




ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ပါ့ မလား ဆိုတာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်၊ ဒါလော့ ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက်ဂ် က- ဒါလော့ က ပထမပိုင်း မပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ခွာ ခဲ့ရတယ်၊ ဒီဒဏ်ရာ အခြေအနေက




သိပ် မဆိုးရွှား လောက်ဘူးလို့ ထင်ရပေမယ့် လည်း သူရဲ့ ဒဏ်ရာကို ပိုဆိုး မလာအောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သူ့ကို လူစားလဲ လိုက်ရတာ ဖြစ်သလို စနေ့မှာ ကလည်း ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ ပွဲစဉ် ရှိနေတာမို့ ဆက်ပြီး စွန့်စားမှု မပြုလုပ် တော့တာပါ။




လာမည့် နာရီပိုင်း အတွင်း ဒဏ်ရာ အနေအထားက ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ပြီးရင်တော့ ပြတ်ပြတ် သားသား ဆုံးဖြတ်ချက်တွေ ချမှတ် ရတော့မှာ ဖြစ်ပါတယ်။ လို့ ဆိုခဲ့ပါတယ်၊ ၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူ ဟာ




ဒီနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမြဲတမ်း ကစားသမား တစ်ဦး ဖြစ်နေရပြီး တကယ်လို့ မန်ချက်စတာ ဒါဘီမှာ ဒါလော့ မပါဝင်လာ နိုင်ခဲ့ဘူး ဆိုရင်တော့ သူ့နေရာမှာ ဘစ်ဆာခါ ပါဝင်လာဖွယ် ရှိပါတယ်။ လတ်တလော မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ပြိုင်ပွဲစုံ ၈ ပွဲ ဆက်တိုက် အထိ နိုင်ပွဲ ရရှိထားခဲ့လို့ မန်စီးတီး အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် မန်ချက်စတာ ဒါဘီ ပွဲစဥ်က မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းပိုင်း အသေအချာ စမ်းသပ်သွားမယ့် ပွဲစဉ် တစ်ပွဲလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

credit