အန်တိုနီ ရဲ့ လှပတဲ့ ဂိုး ကန်သွင်းမှုကြောင့် အငြင်းပွားမှုများ ဖြစ်နေ

အန်တိုနီ ဟာ အင်္ဂါနေ့ ညက ချာလ်တန် ကို အနိုင် ရရှိခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အလွန် ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ ဝိုက် ကန်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ




အိုးလ်ထရက်ဖို့ဒ်မှာ ချာလ်တန် နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး ပထမတန်းမှာ အဆင့် ၁၂ နေရာက ပြိုင်ဘက်တွေကို သက်တောင့် သက်သာနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ




အဲရစ် တန်ဟက်ဂ် က လာမည့် စနေနေ့မှာ မန်ချက်စတာ ဒါဘီ အဖြစ် မန်စီးတီး အသင်းနဲ့ ကစားရဖို့ ရှိနေတာကြောင့် အသင်းကို အပြောင်းအလဲ များအပြား ပြုလုပ်ခဲ့ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ ပွဲထွက် ကစားခွင့် ပေးခြင်း ခံခဲ့ရတဲ့ ကစားသမား တစ်ဦးကတော့




ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာပြီး မျှော်မှန်းချက်တွေ အတိုင်း အပြည့်အဝ မစွမ်းဆောင် ပြနိုင်သေးတဲ့ အန်တိုနီပဲ ဖြစ်ပါတယ်၊ အသက် ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး မကြာသေး မီကလည်း




ကွင်းပြင်ပ ပြဿနာ တစ်ခုကြောင့် ဘုန်းမောက် ကို ၃-၀ နဲ့ အနိုင် ရခဲ့တဲ့ အင်္ဂါနေ့ ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်၊ အန်တိုနီ ဟာ အဲဗာတန်ကို ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ သောကြာနေ့က ပွဲစဉ်မှာ အားမသန်တဲ့ ညာခြေနဲ့ ဂိုးသွင်း ယူပေးနိုင်ခဲ့ပြီး အင်္ဂါနေ့ ညနေမှာတော့




ဘယ်ခြေနဲ့ အတူ အလွန် လှပသေသပ်တဲ့ ဂိုးကန်သွင်း မှုကို ပြုလုပ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်၊ဖရက်ဒ် က တောင်ပံက အန်တိုနီ ဆီကို ဘောလုံး ပေးပို့ခဲ့ပြီး ဘရာဇီးလ် တောင်ပံ ကစားသမားက ဘောလုံးကို ထိတွေ့မှု အနည်းငယ် ပြုလုပ်ရင်း အခြေအနေကို အကဲခတ်ပြီး




ဘောလုံးကို ဂိုး‌ပေါက် ဘယ်ဖက် ထောင့်ထဲကို ဘယ်ခြေနဲ့ ဝေ့ဝိုက် ကန်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်၊ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေ ကတော့ အန်တိုနီ ရဲ့ အလွန် လှပတဲ့ ဂိုး ကန်သွင်းချက်ကို တုံ့ပြန်ခဲ့ကြပြီး အာယန် ရော်ဘင် လိုမျိုးပဲ ဝေ့ဝိုက် ကန်သွင်းခဲ့တာ




ဒီလူကတော့ သူ့ရဲ့ အလားအလာကို သိရှိနေပြီ။ လို့ ပရိသတ် တစ်ဦးက ပြောကြားခဲ့ပြီး သူ့ကို ကွင်းထဲကနေ ထုတ်ဖို့ တောင်းဆိုနေတဲ့ လူတွေဟာ ဘောလုံး ဗဟုသုတ တစ်စက်မှ မရှိတဲ့ သူတွေ ဖြစ်တယ်လို့ နောက်ထပ် ပရိသတ် တစ်ဦးကလည်း ဆိုသွားခဲ့ပါတယ်။

credit