မန်ချက်စတာ ယူနိုက်တက် မှာ ဆက်နေမလား အသင်း‌သစ်ကို ပြောင်းရွှေ့ မလားဆိုတာ အတည်ပြု ပြောဆိုလိုက်တဲ့ ဟယ်ရီ မက်ဂွိုင်းယား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယား ဟာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ သတင်းကြီး နေပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ နေရာရဖို့ ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ




ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ လေးပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့် ရရှိထားပါတယ်၊ ဒီလထဲမှာပဲ အက်စတွန် ဗီလာ ကို ပြောင်းရွှေ့တော့မယ် ဆိုပြီး အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်လာခဲ့ ပေမယ့် ဒီ တစ်ပတ်




အစောပိုင်းက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က အင်္ဂလန် လက်ရွေးစင်ကို အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ တိုက်တွန်း သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယား က နည်းပြ စိတ်တိုင်းကျတဲ့ ကစားသမား တစ်ဦး ဖြစ်လာအောင် ကြိုးစားအား ထုတ်သွားမယ်လို့




ဝန်ခံသွားခဲ့ပါတယ်၊ မက်ဂွိုင်းယား က- ကျွန်တော် အဆင်ပြေ နေပါတယ်၊ ပြီးခဲ့တဲ့ ဘုန်းမောက် အသင်းနဲ့ ပွဲစဥ်မှာလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား က ပြန်လာပြီးတော့ ကံဆိုးခဲ့တယ်လို့ ထင်ပါတယ်၊ အမှန်အတိုင်း ပြောရရင် တော်တော်လေး နေမကောင်း ဖြစ်ခဲ့တာပါ၊ အဲ့ဒါကြောင့်




တစ်ပတ် နှစ်ပတ်လောက် ကျွန်တော် ဝင် မကစားနိုင်ခဲ့ဘူး၊ အခုတော့ သက်သာနေပါပြီ၊ ဒီ အသင်းမှာ နောက်ခံ လူကောင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် နေရာရဖို့မှာ ပြိုင်ဆိုင်မှု ပိုမို များလာတယ်၊ ကျွန်တော် ဆက်လက် တိုက်ခိုက်သွား ဦးမှာပါ၊ လက်မလျှော့ပါဘူး။ လို့ ချာလ်တန် နဲ့ EFL ဖလား ပွဲစဉ် အပြီးမှာ ပြောကြား သွားခဲ့ပါတယ်။




ဟယ်ရီ မက်ဂွိုင်းယား ဟာ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ပထမဆုံး ရာသီမှာ ဆုဖလားတွေ သေချာပေါက် ရယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်၊ ဆက်လက်ပြီး ၎င်းက- အသင်းက ဆုဖလားတွေ ရယူဖို့ ရည်ရွယ် ထားပါတယ်၊ ဒီ အသင်းက နိုင်ပွဲတွေ အတွက်ပဲ ကစားတာပါ၊ ဒါပေမယ့် ဖလားတွေနဲ့




ဝေးခဲ့တာ ကြာနေပြီ။ ပရိသတ်တွေ အတွက် ကျွန်တော်တို့ နည်းပြ အဖွဲ့ဝင်တွေရော ကစားသမားတွေ အားလုံးပါ ဆုဖလား ယူဆောင်ပေးဖို့ အရမ်းပဲ ဆာလောင် နေပါတယ်၊ ပြိုင်ပွဲတိုင်းကို အာရုံစိုက်ပြီး ကစားတယ်၊ ဒီရာသီ ပြိုင်ပွဲတိုင်း မှာလည်း ဆက်လက် ရှင်သန် နေနိုင်ဆဲပါ။




ပြီးခဲ့တဲ့ ရာသီတုန်းကလို အဖြစ်ခံမှာ မဟုတ်ပါဘူး၊ တိုးတက်မှု တွေလည်း အများကြီး ရှိနေပြီ။ ဒါပေမယ့် အဲဒီ တိုးတက်မှုတွေကို ကျွန်တော်တို့ တကယ့် ပွဲစဥ်တွေမှာ စွမ်းစွမ်းတမံနဲ့ အကောင်းဆုံး အသုံးချ ပြသွားပါမယ်။ လို့ MUTV မှာ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit