မန်ချက်စတာ ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ရဖို့ အခွင့်အရေး နည်းပါးကြောင်း မန်စီးတီး နည်းပြ ပြောဆို

ဆောက်သမ်တန် အသင်းကို မနေ့ညက ရှုံးနိမ့်ခဲ့သည့် ခြေစွမ်း အတိုင်းသာ ဆိုလျှင် စနေနေ့တွင် ကစားမည့် မန်ချက်စတာ ယူနိုက်တက် နှင့် ပွဲစဥ်တွင် မန်စီးတီး အနေဖြင့် မည်သို့မျှ အခွင့်အရေး မရှိနိုင်ကြောင်း




မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်သည့် ပွဲစဉ် အပြီးတွင် ပြောဆိုလိုက်သည်၊ ၂၀၁၈ ဧပြီ နောက်ပိုင်းတွင် မန်စီးတီး အနေနှင့် ပထမဆုံး ဂိုးပေါက် တည့်သည့် ဂိုးကန်သွင်းမှု မရှိသည့် ပွဲစဥ် အဖြ စ် မှတ်တမ်းဝင်ခဲ့ပြီး




ဆောက်သမ်တန် အသင်းသည် ဆီမီး ဖိုင်နယ်တွင် နယူးကာဆယ် အသင်းကို ရင်ဆိုင်ရန် ထိုက်ထိုက် တန်တန် တက်ရောက် သွားနိုင်ခြင်း ဖြစ်ကြောင်း သတင်းများက သုံးသပ် ဖော်ပြကြသည်၊ ပရီးမီးယားလိဂ် ၏ အောက်ဆုံး အဆင့်မှ ကလပ် အသင်းနှင့်




ရင်ဆိုင်ရသည့် ပွဲစဥ်တွင် သူ၏ မန်စီးတီး အသင်းသည် အဆင်သင့် မဖြစ်နေကြောင်း အကောင်းဆုံး အသင်းက အနိုင် ရသွားခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်သည်၊ ပက် ဂွာဒီယိုလာ က- သူတို့ ကစားသွားတာက ပိုကောင်းပါတယ်။




ပိုကောင်းတဲ့ အသင်းက အနိုင် ရသွားတာပါ၊ မန်စီးတီး က ပွဲ အစပိုင်းမှာ ကတည်းက ခြေစွမ်း ဆိုးဝါးခဲ့ပါတယ်၊ နောက်ပိုင်းလည်း မကောင်းခဲ့ပါဘူး၊ ဆောက်သမ်တန် နဲ့ ပွဲက ခြေစွမ်းဟာ မန်စီးတီး ရဲ့ ပုံမှန် ခြေစွမ်းတော့ မဟုတ်ပါဘူး၊ အသင်းက ပွဲ ကစားဖို့




အဆင်သင့် မဖြစ်သလို ဖြစ်နေတယ်၊ ဆောက်သမ်တန် နဲ့ ပွဲကလို ခြေစွမ်းနဲ့သာ ဆိုရင် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ ဘယ်လိုမှကို အခွင့်အရေး မရရှိနိုင်ဘူး၊ လူထုတ်ပုံကြောင့် မဟုတ်ပါဘူး၊ ဒီနေ့ ရလဒ်ဆိုးတာက ခြေစွမ်းကြောင့်ပါ၊ အသင်းက




ကျွန်တော့ အသင်းက စိတ်ရော ကိုယ်ပါ ကွင်းထဲမှာ မရှိသလို ဖြစ်နေပါတယ်။ ဟု ပြောဆိုလိုက်သည်။ ဖိအားများအောက် ရောက်နေသော ဆောက်သမ်တန် မန်နေဂျာ နသန်ဂျုံးစ် အတွက်မူ နှစ်ပွဲ ဆက်တိုက် နိုင်ပွဲ ရလိုက်ခြင်း အဖြစ် မှတ်တမ်း ဝင်သွားသည်။

credit