ချာလ်တန် ကို 3-0 နဲ့ အနိုင် ရရှိပြီးနောက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေကို ပေးအပ်ခဲ့တဲ့ အတွက် အဲရစ် တန်ဟက်ဂ် အား ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တဲ့ ချာလ်တန် နည်းပြ ဒင်းန် ဟိုလ်ဒန်

Manchester United နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ အသင်းရဲ့ အမာခံ ပရိတ်သတ်တစ်ဦး ဖြစ်တဲ့ ချာလ်တန် အက်သလက်တစ် နည်းပြ ဒင်းန် ဟိုလ်ဒန် ကို ကာရာဘောင်ဖလား မှာ 3-0 နဲ့ အနိုင် ရရှိပြီးနောက်




မန်ချက်စတာ ယူနိုက်တက် လေ့ကျင့်ရေးကွင်း ကာရင်တန် ကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့ ဘယ်လို အလုပ် လုပ်သည်ကို ဝေမျှပေးခဲ့ပါတာ်၊ ဒါ့အပြင် အဲရစ် တန်ဟက်ဂ် ဟာ သူ၏ လက်မှတ်ပါသော အသင်းဂျာစီ နှင့်




ဝိုင်နီ တစ်ပုလင်း ကိုပါ ဒင်းန်ဟိုလ်ဒန် အား အမှတ်တရ လက်ဆောင် အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုတော့ ချာလ်တန် နည်းပြ က အဲရစ် တန်ဟက်ဂ် ဆီက အဖိုး မဖြတ်နိုင်တဲ့ အရာတွေ အတွက် ကျေးဇူးတင်မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဒင်းန် ဟိုလ်ဒန် က-




အဲရစ် က ပွဲ အပြီးမှာ ကျွန်တော့်ဆီ ရောက်လာပြီး သူ့ရဲ့ ရုံးခန်းကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တယ်၊ ကျွန်တော်တို့ ဘီယာ အတူတူ သောက်ခဲ့ ကြပြီး သူက ကျွန်တော့် ဇနီး အတွက် ဝိုင်နီ ပုလင်း တစ်ပုလင်း နဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့




ရှပ် အင်္ကျီ တစ်ထည်ကို လက်ဆောင် အဖြစ် ပေးခဲ့ပါတယ်၊ အဲဒီ လက်ဆောင် တွေထက် ပိုပြီး အရေးကြီး တာက သူက ကျွန်တော့်ကို သူတို့ ဘယ်လို လေ့ကျင့်နေလဲ ဆိုတာကို သိရအောင် ကာရင်တန် ကို လာလည်ဖို့




ဖိတ်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်၊ ကျွန်တော် တို့လို လူငယ် နည်းပြ တစ်ယောက် အနေနဲ့ အကောင်းဆုံး နည်းပြတွေထဲက အချို့ဆီကနေ လေ့လာ သင်ယူရတာ တကယ်ကို အဖိုး မဖြတ်နိုင်တဲ့ အရာပါ၊ ဒီအတွက် အရမ်းကျေးဇူး တင်ပါတယ်လို့ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit